ဒက်ဟာ အစ်ကို၊ ဇနီးနဲ့ သမီးနှစ်ယောက်ရှိပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာသူပါ။ သူတို့မိသားစုက ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ကြတယ်။ ဒက်က လေယာဉ်မောင်းတာကို ဝါသနာပါလို့ မိတ်ဆွေ၊ အစ်ကိုတို့နဲ့အတူ လေ့ကျင့်ဖူးပေမယ့် အဆင်မပြေတာကြောင့် လက်လျှော့ထားခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ဦးတည်းသောအစ်ကို ရုတ်တရက် နှလုံးဖောက်ပြီး ဆုံးသွားတယ်။ ဒီဆုံးရှုံးမှုကို မခံစားနိုင်တဲ့ ဒက်ဟာ ဘုရားသခင်အပေါ် ယုံကြည်မှုပါ ပျောက်ပြီး သံသယဝင်လာပါတယ်။ နာရေးပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ကြတဲ့အခါ မိတ်ဆွေလေယာဉ်မှူး ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ ဂျိုးဟာ လေယာဉ်မောင်းနေရင်း ရုတ်တရက် သေဆုံးသွားပါတယ်။ ဒက်လည်း ရွေးစရာမရှိတော့ဘဲ ဇနီးနဲ့အတူ လေယာဉ်မှူးခန်းမှာ ဝင်ထိုင်ပြီး လေယာဉ်ကို ထိန်းဖို့ ကြိုးစားရတော့တယ်။ ဘေးကင်းကင်း ဆင်းသက်နိုင်ဖို့ လေဆိပ်တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး အကူအညီတောင်းရပါတယ်။ တာဝန်ရှိသူတွေက အခန့်မသင့်လို့ ပျက်ကျခဲ့ရင်တောင် ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့ သမုဒ္ဒရာထဲ ပျက်ကျနိုင်မယ့်ဘက်ကို ညွှန်ပေးထားကြတယ်။ ဒက်ကလည်း မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားမောင်းနှင်နေပါတယ်။ ယုံကြည်မှုအကြောင်းကို ဖြစ်ရပ်မှန်အခြေခံထားတဲ့ ဒီဇာတ်ကားမှာ လေယာဉ်ဆင်းသက်နိုင်ဖို့ ဒက်နဲ့ တာဝန်ရှိသူတွေ ကြိုးစားနေရပုံကို အဓိက ပြထားတယ်။ လမ်းတစ်လျှောက် ဘယ်လိုအခက်အခဲတွေ ထပ်ကြုံရမလဲ၊ ဘယ်သူတွေ ကူညီပေးကြမလဲ၊ သူတို့ယုံကြည်တဲ့ ဘုရားသခင်ကရော စောင်မပါ့မလား၊ မိသားစုတစ်စုလုံး မြေပြင်ပေါ် ဘေးကင်းကင်း ပြန်ရောက်နိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်