ကလယ်ရီဟာ ပရလောကကို မြင်နိုင်ပေမယ့် လူတွေ မယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမပေးဘဲ နေနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူက ကလေးသူငယ်ကာကွယ်ရေးအလုပ် လုပ်ကိုင်ပြီး အိမ်တွင်းအကြမ်းဖက်မှု ခံနေရတဲ့ ကလေးတွေဘက်ကနေ မိဘတွေကို တရားစွဲပေးရပါတယ်။ တစ်နေ့ ကလေးတစ်ယောက်ရဲ့ အမှုကို စစ်ဆေးရင်း အန္တရာယ်ပေးနေသူဟာ မိဘတွေမဟုတ်ဘဲ သရဲတစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတယ်။ ဒါကြောင့် ကလယ်ရီက မိဘတွေဘက်ကနေ ရပ်တည်ပြီး အမှုကို ဆိုင်းငံ့ထားလိုက်သလို ကလေးကို ဒုက္ခပေးနေတဲ့ သရဲကိုလည်း ရှင်းပေးဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ကိုယ့်အမှားကြောင့် ကလေးကို ဆုံးရှုံးထားရတာ မကြာသေးဘူး။ ဆုံးသွားတဲ့ သူ့ကလေးကို မြင်နေရဆဲဖြစ်ပြီး ဝမ်းနည်းမှုနဲ့ စိတ်ကျရောဂါကိုပါ ခံစားနေရပါတယ်။ အလန့်တကြားဖြစ်စေမယ့် အခန်းတွေထက် ဇာတ်ကွက်နဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို ဦးစားပေးထားတဲ့ သရဲဇာတ်ကားပါ။ ကိုယ်တိုင်လည်း အခက်အခဲတွေ ကြုံနေရတဲ့ ကလယ်ရီတစ်ယောက် ဒီကလေးကို ကူညီကယ်တင်ပေးနိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်