ရှီစီဟာ အစက သာမန်မိန်းကလေးတစ်ယောက်ပါ။ အဲဒီဘဝကနေ ရက်စက်ပြီး ဘယ်သူ့ကိုမှ မငဲ့ညှာတဲ့ ဧကရီမကြီး ဖြစ်လာပုံကို Lover of the Last Empress မှာ ရိုက်ပြထားပါတယ်။ မနူးမနပ်ဘဝကနေ မင်းကြီးကို စွဲလမ်းစေဖို့ လိင်မှုရေးရာတွေ သင်ယူခဲ့ပုံကိုလည်း တွဲဖော်ပြထားတာကြောင့် အရွယ်ရောက်သူတွေအတွက် ရည်ရွယ်တဲ့ Category III ရုပ်ရှင်ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် Chingmy Yau ဟာ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ ကာလ ဟောင်ကောင်ရုပ်ရှင်လောကမှာ နာမည်ရခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns၊ စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp နှစ်ကား၊ ဂျက်ကီချမ်းရဲ့ City Hunter၊ ဂျက်လီရဲ့ Kung Fu Cult Master၊ အန်ဒီလောင်ရဲ့ Casino Tycoon နဲ့ အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ Naked Killer အပါအဝင် Category III ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ ဒီကားကို Infernal Affairs ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Andrew Lau က ရိုက်ကူးပြီး ဝမ်ကျင်းက ဇာတ်လမ်းရေးထားပါတယ်။ ဝမ်ကျင်းဟာ စတီဖင်ချောင်ရဲ့ ရုပ်ရှင်အတော်များများကို ရိုက်ကူးခဲ့သလို အတူလည်း သရုပ်ဆောင်ခဲ့ဖူးသူပါ။ Chingmy Yau နဲ့အတူ တိုနီလျောင်ခဖိုင်၊ Shanghai Noon မှာ ပါဝင်ဖူးတဲ့ Rongguang Yu တို့လည်း သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်ကားကြည့်ရန်