အခုတစ်ခါဆော့ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ပုံစံကိုအခြေခံထားတဲ့ Mystery ပုံစံ စီးရီးသစ်လေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ ဒီစီးရီးမှာပါဝင်တဲ့ကာရိုက်တာနှစ်ဦးမှာ တစ်ဦးက ဝါရင့်စုံထောက်ဖြစ်ပြီး တစ်ဦးကတော့ စူးစမ်းချင်စိတ်များတဲ့ ကောလိပ်ပြီးစလူငယ်လေးပါ။ ဒီတော့ အလွဲတွေကြား အမှုဘယ်လိုလိုက်ကြမလဲကတော့ တကယ်စိတ်ဝင်စားစရာပါပဲ။ MC တွေအနေနဲ့ ချောချောမောမောလေး ကိုကို Dylan Wang၊ ဝါရင့်သရုပ်ဆောင် Pan Yue Ming တို့နဲ့အတူ Hold a court now မှာ MC အဖြစ်ပါဝင်ထားတဲ့ Ren Min တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ၁၉၉၇ ခုနှစ်၊ ယွမ်လုံလီက ဓာတ်လှေကားအဝမှာ သားအဖနှစ်ယောက်ဟာ စူးစမ်းမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့အမှုကိုလိုက်ဖို့အတွက် စုံထောက်နှစ်ယောက် ပေါင်းမိသွားကြပါတယ်။ တစ်ယောက်ကတော့ အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့စဉ်းစားနေတဲ့ ဝါရင့်စုံထောက် ဟယ်ယွမ်ဟန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကောလိပ်ကနေ ခုမှကျောင်းဆင်းထားတဲ့ စူးစမ်းလိုစိတ်အပြည့်နဲ့လူငယ်လေး ရန်ဖန်းရွှီပါ။ သူတို့နှစ်ယောက်ဟာ ဆေးဝါသုတ်ထားတဲ့ဂျစ်ကားအစုတ်လေးတစ်စီးနဲ့ လက်လုပ်မြေတူးစက်လေးတစ်ခုကို အားကိုးပြီး ဒီလျှို့ဝှက်ချက်ကို စတင်တူးဖော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ လုံးဝမထင်မှတ်ထားတာကတော့ ဒီအမှုကို နက်နက်ရှိုင်းရှိုင်းတူးဆွမိလေလေ ထွက်ပေါ်လာတဲ့အမှန်တရားတွေက သူတို့နှစ်ဦးလုံးရဲ့ဘဝကိုပါ ရိုက်ခတ်လာလေလေဆိုတာပါပဲ။ ဒီဇာတ်လမ်းက Thriller Mystery အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်နှစ်ယောက်ရဲ့ကွဲပြားတဲ့စရိုက်တွေကြောင့် ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပါ။ နောက်ပြီး အမှုက သူတို့ဘဝတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အချက်က ဇာတ်လမ်းရဲ့အကြီးမားဆုံးဆွဲဆောင်မှုမို့ စိတ်လှုပ်တရှား ရင်တခုန်ခုန်နဲ့ကြည့်ချင်ရင်တော့ ဒီစီးရီးလေးက must watch ပါပဲနော်။ Total Episodes : 28 Quality : WEB-DL 1080p,720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်