★ 6.1
ဇာတ်ကား / 2009The Informant!
အာချာဒယ်နီယယ်မဒ်လန်း၊ အတိုကောက် ADM ဟာ စီးပွားရေးလောကမှာ ဩဇာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုပါ။ အပြင်ကကြည့်ရင် အောင်မြင်နေသလောက် အတွင်းမှာတော့ မသမာမှုတွေ ရှုပ်ထွေးနေတယ်။ စျေးကွက်ကို မသမာတဲ့နည်းနဲ့ ခြယ်လှယ်နေတဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေကို FBI က ရိပ်မိလာချိန်မှာ မာ့ခ်ဝှဒ်အေကဟာ သူပါ အမှုပတ်မှာစိုးလို့ သတင်းပေးအဖြစ် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မာ့ခ်က ကုမ္ပဏီအကြောင်း ဖော်ထုတ်ပေးရင်း မသမာမှုတွေ တစ်စပြီးတစ်စ ပေါ်လာတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း အစကတည်းက ကင်းရှင်းနေသူ မဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်ဖို့ ကြောက်လာရသလို နောက်ပြန်ဆုတ်ဖို့လည်း ခက်လာတယ်။ ဒီအခြေအနေကနေ မာ့ခ် ဘယ်လိုရုန်းထွက်မလဲ၊ ကုမ္ပဏီရဲ့မသမာမှုတွေကိုရော အဆုံးအထိ ဖော်ထုတ်နိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်