★ 5.5
ဇာတ်ကား / 2022The Up Rank
ယူဆိုတဲ့ကောင်လေးဟာ Ace rank အကောင့်တစ်ခု ပိုင်ဆိုင်ထားပြီး ဂိမ်းကို အလွန်အမင်း စွဲလမ်းနေသူပါ။ ဂိမ်းဆော့ပြီဆို ထမင်းမေ့ဟင်းမေ့ဖြစ်ရုံတင်မက အဖေနဲ့ ချစ်သူကိုပါ မေ့ထားတတ်တယ်။ တစ်နေ့မှာ သူနဲ့ ဂိမ်းတစ်ပွဲတည်းမှာ ဆုံခဲ့တဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်း ပိုက်ဆံရှာနိုင်မယ့်အကြောင်း စာပို့လာပါတယ်။ ယူလည်း သံသယရှိပေမယ့် စိတ်ဝင်စားလာတယ်။ အဲဒီအလုပ်က ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်ပေးရတဲ့အလုပ်ပါ။ ဂိမ်းဆော့ရင်း ဝင်ငွေရမယ့် ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ထိုင်းအက်ရှင်မှုခင်းဒရာမာဖြစ်ပြီး လောဘပိုကြီးလာကြတဲ့ လူတွေရဲ့ အငြိုးအာဃာတတွေနဲ့ ဆက်ဆံရေးတွေ ပျက်စီးရတဲ့အထိ အလွန်အမင်း စွဲလမ်းကြပုံကို ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်