ဘရုစ်ဟာ အိမ်ထဲမှာပဲ နေလာတာ ရှစ်နှစ်ရှိပြီဖြစ်သလို Batman လည်း Gotham မြို့ကနေ ပျောက်ကွယ်နေပါတယ်။ Harvey Dent ကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေကို Batman လုပ်ခဲ့တယ်လို့ လူတွေက ယုံကြည်နေကြဆဲပါ။ Dent ကို အကြောင်းပြုပေါ်လာတဲ့ ဥပဒေကြောင့် ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပပျောက်နေချိန်မှာပဲ Gotham ကို ခြိမ်းခြောက်မယ့် ရန်သူသစ်က လှုပ်ရှားနေပြီဖြစ်ပါတယ်။ Bane က CIA ထိန်းသိမ်းထားတဲ့ နျူကလီးယားရူပဗေဒပညာရှင်တစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ တစ်ဖက်မှာလည်း ဘရုစ်ရဲ့အိမ်မှာ Harvey Dent အမှတ်တရပွဲ ကျင်းပနေတုန်း Selina Kyle က ခိုးဝင်ပြီး ဘရုစ်အမေရဲ့ လည်ဆွဲကို ယူသွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ တကယ့်ပစ်မှတ်က လည်ဆွဲထက် ဘရုစ်ရဲ့ လက်ဗွေဖြစ်နေကြောင်း ဘရုစ်က ရိပ်မိပြီး စုံစမ်းလာတယ်။ လက်ဗွေကို ရသွားတဲ့ Selina ဟာ ပွဲတက်လာတဲ့ လွှတ်တော်အမတ်တစ်ယောက်ကိုပါ ပြန်ပေးဆွဲပြီး သူ့ကို လက်ဗွေခိုးခိုင်းသူနဲ့ တွေ့ဖို့ ခေါ်သွားပါတယ်။ ဒီကိစ္စကို လိုက်စုံစမ်းတဲ့ Gordon က အဖမ်းခံရပြီး Bane နဲ့ ရင်ဆိုင်တွေ့ရတယ်။ Bane ဟာ Gotham မြို့ရဲ့ မြေအောက်ရေမြောင်းတွေထဲမှာ တပ်စွဲထားတာပါ။ Gordon က လွတ်အောင် ထွက်ပြေးနိုင်ခဲ့ပြီး ရဲအရာရှိ John Blake က သူ့ကို တွေ့သွားကာ ဆေးရုံပို့ပေးခဲ့ပါတယ်။ Alfred ကလည်း Bane နဲ့ပတ်သက်တဲ့ အကြောင်းတွေကို ဘရုစ်ဆီ ပြောပြလာတယ်။ Bane ဟာ ဘရုစ်ကို အရင်က ပညာသင်ပေးခဲ့တဲ့ Ra's Al Ghul ရဲ့ တပည့်ဖြစ်ပြီး သူ့ရည်ရွယ်ချက်က Gotham ကို ဖျက်ဆီးဖို့ပါ။ Bane က အဲဒီအစီအစဉ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ အချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့ Batman ကရော မြို့ကို ဘယ်လိုကာကွယ်မလဲဆိုတာ ဆက်တွေ့ရမှာဖြစ်ပါတယ်။ The Dark Knight Rises က Christopher Nolan ရဲ့ Batman ဇာတ်ကားသုံးကားတွဲကို အဆုံးသတ်ပေးတဲ့ကားဖြစ်ပြီး Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားလည်း ဖြစ်ပါတယ်။ Bane အဖြစ် Tom Hardy၊ Selina Kyle အဖြစ် Anne Hathaway တို့ ပါဝင်ထားကြပါတယ်။
ဇာတ်ကားကြည့်ရန်