The Blue Box (2026) ++++++++ Pablo (Gustavo Bassani) ဟာ ယာဉ်မတော်တဆဖြစ်မှုတစ်ခုကြောင့် စိတ်ဒဏ်ရာရရှိကာ ပက်တာဂိုးနီးယားဒေသမှာ လူသူနဲ့ဝေးကွာပြီး တစ်ယောက်တည်း သီးခြားနေထိုင်နေတဲ့သူဌေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ Pablo ဟာ "Bluebox" လို့ခေါ်တဲ့ သီးသန့် Dating App တစ်ခုကနေတစ်ဆင့် Lara (Luisana Lopilato) နဲ့ စတင်သိရှိခဲ့ပါတယ်။ ဒီ App ရဲ့ ထူးခြားတဲ့စည်းကမ်းကတော့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံချိန်မှာ "La caja azul" (အပြာရောင်သေတ္တာ) လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်လက်ဆောင်တစ်ခုကို အပြန်အလှန်လဲလှယ်ရတာပဲ ဖြစ်ပါတယ်။ Lara ရဲ့ ကူညီမှုကြောင့် Pablo ရဲ့ သီးခြားကမ္ဘာလေး ပွင့်လင်းလာပြီး နှစ်ဦးကြား ချစ်ကျွမ်းဝင်မှုတိုးတက်လာခဲ့ပေမယ့် Lara ရဲ့ အတိတ်က လက်စားချေချင်နေတဲ့ချစ်သူဟောင်းက ရုတ်တရက် ပေါ်ပေါက်လာတာ၊ Lara ရဲ့ မူလလက္ခဏာနဲ့ ရည်ရွယ်ချက်အမှန်ကို မေးခွန်းထုတ်စရာ အမည်မသိသတိပေးချက်တွေရရှိလာတာကြောင့် Pablo ဟာ Lara အပေါ် ထားရှိတဲ့ယုံကြည်မှုတွေ ပြိုပျက်လာပြီး Lara ဟာ တကယ်ပဲ သူထင်ထားသလို မိန်းကလေးမျိုး ဟုတ်/မဟုတ်ဆိုတာ စိတ်ခြောက်ခြားဖွယ်ရာ သံသယများစွာနဲ့ စုံစမ်းရတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားမင်းသမီး Luisana Lopilato အတွက် ဒီရုပ်ရှင်ဟာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရုံတင်မကဘဲ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ပထမဆုံးစတင်ခြေလှမ်းခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ File Size… (1.09GB) / (514MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 57m Genre …Romance and Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်