"လွန်ခဲ့တဲ့နှစ်တွေက ကိုယ့်မိဘတွေကို သေဆုံးစေခဲ့တဲ့ မတော်တဆမှုတစ်ခုဟာ တကယ်တော့ နောက်ကွယ်ကနေ ကြိုးကိုင်ဖန်တီးထားတဲ့ လူသတ်မှုကြီးတစ်ခုဖြစ်နေမှန်း သိလိုက်ရတဲ့အခါ..." ဒီတစ်ခါမှာတော့ Suspense & Thriller ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် iQIYI ကနေ အသစ်ထွက်ရှိထားတဲ့ "Light the Dark” ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီကားလေးမှာတော့ ပရိသတ်အချစ်တော် မင်းသားချော Chen Zheyuan နဲ့ ဝါရင့်မင်းသမီး Jiang Xin တို့က သမီးရည်းစားတွေအဖြစ် မဟုတ်ဘဲ မောင်နှမအရင်းတွေအဖြစ် အမိုက်စား တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း >>> ၁၉၉၇ ခုနှစ်၊ တရုတ်ပြည် အနောက်တောင်ပိုင်းက Wugang ဆိုတဲ့ မြို့ငယ်လေးမှာ ဇာတ်လမ်းကို စတင်ထားပါတယ်… Chen Ying နဲ့ Chen Shan တို့ မောင်နှမနှစ်ယောက်ဟာ ပိုက်လိုင်းဓာတ်ငွေ့ ပေါက်ကွဲမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရပြီး ဘဝတွေ တစ်စစီ ပြိုကွဲသွားခဲ့ပါတယ်…မိဘတွေဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် မောင်ဖြစ်သူChen Shan ဟာ အိမ်ကနေထွက်သွားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ နာမည်ကြီးတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေမဲ့ အတိတ်က အရိပ်မည်းတွေထဲမှာပဲ ပိတ်လှောင်နေခဲ့ပါတယ် ၂၀၀၁ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ နောက်ထပ် ဓာတ်ငွေ့ပေါက်ကွဲမှု အသစ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်…ဒီပေါက်ကွဲမှုကနေတစ်ဆင့် အရင်က မိဘတွေသေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုဟာ သာမန်မတော်တဆမှု မဟုတ်ဘဲ တခြားသော လူတွေရဲ့ အကျိုးစီးပွား အားပြိုင်မှုတွေကြောင့် တမင်ဖန်တီးထားတဲ့ လုပ်ကြံမှုကြီးဖြစ်ကြောင်း သဲလွန်စတွေ စတင်တွေ့ရှိလာပါတော့တယ် ဒီအခါမှာတော့ အချင်းချင်း စိတ်ဝမ်းကွဲနေကြတဲ့ Chen Ying နဲ့ Chen Shan တို့ မောင်နှမနှစ်ယောက်ဟာ အတိတ်က အဖြစ်အပျက်ဟောင်းကို ပြန်လည်စုံစမ်းဖော်ထုတ်ဖို့ အတူတကွ ပူးပေါင်းလိုက်ကြပါတော့တယ်…သူတို့ရဲ့ မိဘတွေကို သေဆုံးစေခဲ့တဲ့ တကယ့်တရားခံအစစ်တွေကို ရှာဖွေဖော်ထုတ်ပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရာမှာ ဘယ်လိုမျိုး အန္တရာယ်တွေ၊ အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲ... လျှို့ဝှက်ချက်တွေနဲ့ ဖုံးကွယ်နေတဲ့ အမှောင်ထုကြီးထဲက အမှန်တရားကို ဘယ်လို ဆွဲထုတ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ် အချစ်ကားတွေထက် ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ စုံထောက်၊ မှုခင်း၊ သည်းထိတ်ရင်ဖို ကားမျိုးတွေကိုမှ ကြိုက်တဲ့သူတွေအတွက် လုံးဝ (လုံးဝ) အလွတ်မခံသင့်တဲ့ စီးရီးကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော် Total Episodes : 12 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်