The Swedish Connection (2026) IMDb Rating (6.9) ဒီကားက WWII (ဒုတိယကမ္ဘာစစ်) နောက်ခံထားပြီးရိုက်ပြထားတဲ့ဖြစ်ရပ်မှန် သမိုင်းဒရမ်မာရုပ်ရှင်ပါ။ ကမ္ဘာစစ်အတွင်း neutral state အဖြစ်နေခဲ့တဲ့ ဆွီဒင်နိုင်ငံနဲ့ သူတို့ဒီလိုဖြစ်အောင်ဘယ်လိုကြိုးပမ်းခဲ့လဲဆိုတာကိုရိုက်ပြထားတဲ့ လူသိပ်မသိသေးတဲ့ နောက်ကွယ်က သူရဲကောင်းတွေအကြောင်းကိုလည်း ရိုက်ပြထားတယ်။ ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ဆွီဒင်နိုင်ငံဟာ ကြားနေနိုင်ငံအဖြစ် ရပ်တည်နေချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက သာမန်စာရေးတစ်ဦးဖြစ်သူ Gösta Engzell ဟာဂျူးလူမျိုးတွေအပေါ် နာဇီတွေရဲ့ ရက်စက်တဲ့ သုတ်သင်မှုသတင်းတွေကို ကြားခဲ့ရတယ်။ အစိုးရက ပြဿနာမတက်အောင် မျက်ကွယ်ပြုထားဖို့ ကြိုးစားပေမဲ့ စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်သစ် Rut Vogel ရောက်လာတဲ့အခါမှာတော့ Engzell တစ်ယောက် ငြိမ်မနေနိုင်တော့ပါဘူး။ သူတို့ဟာ ဆွီဒင်နိုင်ငံသားဖြစ်ခွင့် ဥပဒေမှာရှိတဲ့ ဟာကွက်တွေကို ရှာဖွေပြီး နာဇီတွေရဲ့ လက်တွင်းက ဂျူးလူမျိုးတွေကို "ဆွီဒင်နဲ့ ပတ်သက်သူများ" အဖြစ် သတ်မှတ်ကာ နိုင်ငံကူးလက်မှတ်တွေ အမြောက်အမြား ထုတ်ပေးပြီး အသက်ပေါင်းသောင်းချီကို ကယ်တင်ဖို့ ကြိုးစားခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ File size… (5.8 GB) / (1.3 GB) / (820 MB) Quality…. WEB-DL 4K HEVC / WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History,War Duration…. 01:43:17 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်