တော့စီဟာ ဂျပန်ကနေပြန်ရောက်လာပြီးနောက် ဖရိုဖရဲဖြစ်နေတဲ့ ထရွန်မာဗီလ်ကို နေချင့်စဖွယ်မြို့လေးဖြစ်အောင် ပြန်လည်တည်ဆောက်ပေးလိုက်တယ်။ လက်ကျန်ဗီလိန်တွေကို ရှင်းထုတ်ပေးပြီးတဲ့နောက် ထုံးစံအတိုင်း လုပ်စရာအလုပ် မရှိတော့တဲ့အတွက် စိတ်ဓာတ်ကကျချင်သလိုလို .. ထမင်းစားလည်းတစ်မျိုးလို အိပ်ရာဝင်လည်းတစ်မျိုးလိုနဲ့ ပြန်ဖြစ်ပါတော့တယ်။ ဒီကြားထဲ သူ့ချစ်သူ မျက်မမြင်မလေးက မျက်စိခွဲစိတ်လိုက်ရင် ပြန်မြင်လာနိုင်တယ်ဆိုတာကို သိလိုက်ရတော့ မျက်စိကုသစရိတ်အတွက် တော့စီတစ်ယောက် ပိုက်ဆံရှာရပါတော့တယ်။ ဒေါ်လာ ၃သိန်းကျော်ဆိုတော့ ရရာအလုပ်လုပ်ပြီး ပိုက်ဆံစုမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အချိန် မျက်စိကုသစရိတ်ကိုကွက်တိလာပေးတဲ့သူ ရှိနေပါတယ်။ သူကတော့ နတ်ဆိုးပါ။ နတ်ဆိုးက ထရွန်မာဗီလ်တစ်မြို့လုံးကို ဓာတုပစ္စည်းတွေကို အဆိပ်သင့်ညစ်ညမ်းအောင် လုပ်ချင်တော့ တော့စီကို ဖြားယောင်းတာဖြစ်တယ်။ ကဲ .. ဒီတော့ တော့စီတစ်ယောက် နတ်ဆိုးရဲ့ ဖြားယောင်းမှုအောက်က လွတ်ပါ့မလား။ သူ့ချစ်ချစ်ကရော မျက်စိပြန်မြင်သွားမလား။ File size…(2.6 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်