လူသတ်မှုတွေကို မတော်တဆ သေဆုံးသွားသလိုဖြစ်အောင် စီစဉ်တတ်လို့ Accident Man ဆိုတဲ့နာမည်ရထားတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ရှိပါတယ်။ လန်ဒန်မှာ ပြဿနာတွေ အတော်များများ ဖြစ်ခဲ့ပြီးနောက် ဒီတစ်ခါတော့ လန်ဒန်နဲ့ဝေးရာ မောလ်တာကျွန်းကို အားလပ်ရက်ခရီး ထွက်လာခဲ့တယ်။ အဲဒီမှာ အေးအေးဆေးဆေး အနားယူ၊ ခြေရာဖျောက်ရင်း ကြေးစားအလုပ်တချို့ကိုလည်း လုပ်နေပါတယ်။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာချိန်မှာတော့ အေးချမ်းတဲ့နေ့တွေ ဆက်မရှိတော့ဘူး။ မာဖီးယားဂိုဏ်းက အမျိုးသမီးကြီးတစ်ယောက်ရဲ့ ခပ်ပေါပေါ၊ ခပ်ချာချာသားကို ကာကွယ်ပေးရဖို့ ဖြစ်လာပါတယ်။ အတိတ်ကနေ လွတ်အောင် ရှောင်လာသူက လူသတ်ပေးရတဲ့အလုပ်အစား လူတစ်ယောက်ကို မသေအောင် စောင့်ရှောက်ပေးရတဲ့ ဘော်ဒီဂတ်အဖြစ် ပြောင်းလုပ်ရတော့တာပါ။ ၂၀၁၈ ခုနှစ်က Accident Man ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမကား မကြည့်ဖူးလည်း သီးခြားကြည့်လို့ရပါတယ်။ အက်ရှင်နဲ့ ဟာသကို ရောစပ်ထားပြီး ထေ့ငေါ့တဲ့စကားတွေ၊ ဆဲဆိုတဲ့ ဒိုင်ယာလော့ခ်တွေ ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်