The A-Team (2010) — ဦးနှောက်ခြောက်အောင် စဉ်းစားစရာမလိုဘဲ ပေါက်ကွဲခန်းတွေ၊ သေနတ်သံတွေနဲ့ အဝရယ်ရမယ့် ၂၀၀၀ ပြည့်လွန်နှစ်များရဲ့ အပီပြင်ဆုံး Popcorn Action ကားကြီး။ IMDb Rating: 6.8/10 နာမည်ကျော်မင်းသားတွေဖြစ်ကြတဲ့ Liam Neeson, Bradley Cooper, Quinton Jackson, Sharlto Copley တို့ကို မတူညီတဲ့ အသွင်အပြင်နဲ့ ခပ်ကြမ်းကြမ်းပုံဖော်ထားတဲ့ တကယ့်အက်ရှင်ဇာတ်ကားကြီးပါ။ - Hannibal (Liam Neeson): ဆေးပြင်းလိပ်တိုကို ပါးစပ်မှာ အမြဲခဲထားပြီး အစီအစဉ်ဆွဲရတာကို ရူးသွပ်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဦးနှောက်ကြီး။ "I love it when a plan comes together" ဆိုတဲ့ စကားအတိုင်း သူဆွဲထားတဲ့ ပလန်တွေ လွဲသွားတာ မရှိသလောက်ပါပဲ။ - Face (Bradley Cooper): စကားတစ်ခွန်းနဲ့တင် လူတိုင်းကို လှည့်စားနိုင်တဲ့၊ လိုချင်တာရအောင် မျက်နှာချိုသွေးတတ်တဲ့ စော်ကြည်ဘဲ စတန့်သမား။ - B.A. Baracus (Quinton Jackson): တစ်ဖက်လူကို လက်သီးတစ်ချက်နဲ့ အလဲထိုးနိုင်တဲ့ တကယ့်သံမဏိဗလကြီး ဖြစ်ပေမဲ့ လေယာဉ်စီးရမှာကျ သေမလောက်ကြောက်တဲ့ အသည်းငယ်တဲ့လူသန်ကြီး။ - Murdock (Sharlto Copley): စိတ်ရောဂါကုဆေးရုံကနေ အမြဲဖောက်ထွက်ပြေးနေကျ ကြောင်တောင်တောင် အရူးပုံစံနဲ့ ဘယ်လေယာဉ်မဆို မောင်းတတ်တဲ့ ပါရမီရှင် လေယာဉ်မှူး။ ဇာတ်လမ်းကတော့.... အီရတ်စစ်မြေပြင်မှာ ဒေါ်လာရိုက်နှိပ်တဲ့ တံဆိပ်ပြားတွေကို ပြန်လည်ရယူဖို့ စစ်ဆင်ရေးတစ်ခုကို Hannibal ဦးဆောင်တဲ့ အယ်လ်ဖာအဖွဲ့က အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အထက်အရာရှိတွေရဲ့ သစ္စာဖောက်မှုကြောင့် အဖွဲ့တစ်ခုလုံး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရတဲ့အခါ... သူတို့ ၄ ယောက် ထောင်ကနေ ဘယ်လိုဖောက်ထွက်ပြီး အပြစ်ကင်းစင်ကြောင်း သက်သေပြမလဲ၊ သစ္စာဖောက်တွေကို ဘယ်လို ပညာပေးမလဲဆိုတာ ရင်တမမ စောင့်ကြည့်ရမှာပါ။ ရူပဗေဒသဘောတရားတွေကို ဘေးချိတ်ထားပြီး လေယာဉ်ပေါ်က ပြုတ်ကျနေတဲ့ တင့်ကားကို အမြောက်လှည့်ပစ်ကာ လေထဲပျံဝဲပြတဲ့ အမိုက်စား Action အခန်းမျိုးတွေ၊ ဇာတ်ကောင် ၄ ယောက်ရဲ့ အပေးအယူတည့်တည့် အပေါက်ဆိုးစကားလုံးတွေနဲ့ ၂ နာရီလုံးလုံး ပျင်းဖို့အချိန်ရမှာ မဟုတ်ပါဘူး။ (ကျည်ဆံတွေ၊ အမြောက်ဆံတွေ စခရင်ထဲက ထွက်လာပြီး ထိမှန်နိုင်တာမို့ စိတ်ကူးနဲ့ ကျည်ကာအင်္ကျီလေး ဝတ်ပြီးမှ ကြည့်ရှုကြပါခင်ဗျာ) File Size : (3.5 GB) / (1.6 GB) Quality : Blu-Ray 1080p HEVC / 720p Format…mkv/ mp4 Duration…02:13:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်