ဘရိုင်ရန်ဟာ နိုင်ငံရပ်ခြားမှာ စစ်မှုထမ်းခဲ့ပြီး မသန်စွမ်းဖြစ်လာတဲ့ စစ်ပြန်တစ်ယောက်ပါ။ အလုပ်မလုပ်နိုင်တော့တဲ့အတွက် မသန်စွမ်းလစာကိုပဲ အားကိုးပြီး နေထိုင်နေရတယ်။ ဇနီးနဲ့လည်း ကွဲနေပြီး စိတ်ကျန်းမာရေးအခြေအနေကလည်း မတည်ငြိမ်ပါဘူး။ သူရသင့်တဲ့ ငွေလေးပြန်ရရင် သမီးကို ခွေးလေးတစ်ကောင် ဝယ်ပေးချင်တဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အတွက် အားကိုးစရာဖြစ်နေတဲ့ လစာကို စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာကောလိပ်တစ်ခုတို့ ပူးပေါင်းဖြတ်ယူနေမှန်း သိလိုက်ရတဲ့အခါ ဘရိုင်ရန်က ငြိမ်မနေတော့ဘူး။ ငွေပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားမှုကို လူသိရှင်ကြား ဖော်ထုတ်ဖို့ ဘဏ်တစ်ခုကို ဝင်စီးလိုက်ပါတယ်။ သူတောင်းဆိုတာတွေ မလုပ်ပေးရင် ဗုံးဖောက်ခွဲမယ်လို့လည်း ခြိမ်းခြောက်ထားတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ ဘဏ်ကို ဝင်စီးပြီးနောက် ဘရိုင်ရန် ဘာတွေထပ်တောင်းဆိုမလဲ၊ ဓားစာခံတွေကို ဘယ်လိုဆက်ဆံမလဲ၊ သူလိုချင်တာတွေ ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားပါတယ်။
ဇာတ်ကားကြည့်ရန်