ဗီယက်နမ်စစ်ပွဲကာလမှာ စစ်မြေပြင်ကို ပို့ခံရတဲ့ အမေရိကန်စစ်သားငယ်တွေထဲက အသက်ရှင်လျက် ပြန်မလာနိုင်သူတွေ ရှိပါတယ်။ သူတို့ကို အာလင်တန်တပ်မတော်သုသာန်မှာ မြှုပ်နှံတဲ့အခါ ကင်းတပ်ကြီးမှာ တာဝန်ထမ်းဆောင်နေသူတွေက စစ်ဘက်ဂုဏ်ပြုအခမ်းအနား ကျင်းပပေးရတယ်။ James Caan ပါဝင်ထားတဲ့ ၁၉၈၇ ခုနှစ်ထွက် ဒီရုပ်ရှင်က စစ်ပွဲနောက်ခံနဲ့ ကျန်ရစ်တဲ့ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေရဲ့ ခံစားချက်တွေကို အလေးပေးထားပါတယ်။ ကင်းတပ်ကြီးက ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီး ကလဲဟာဇက်ဟာ စစ်မြေပြင်ရောက်နေတဲ့ စစ်သားငယ်တွေကို လမ်းပြပေးပြီး အသက်အန္တရာယ်ကနေ ကာကွယ်ပေးချင်သူပါ။ အဲဒီရည်ရွယ်ချက်နဲ့ တာဝန်ပြောင်းပေးဖို့ လျှောက်ထားပေမယ့် အထက်လူကြီးက ပယ်ချလိုက်တယ်။ အဲဒီအချိန်မှာပဲ ကိုရီးယားစစ်ပွဲတုန်းက ရဲဘော်ရဲဘက်ဖြစ်ခဲ့တဲ့ မိတ်ဆွေဟောင်းရဲ့သား ဂျက်ကီဝီလ်လို ကင်းတပ်ကြီးကို ရောက်လာပါတယ်။ မိတ်ဆွေဟောင်းကလည်း သားကို အစစအရာရာ သင်ပြပေးဖို့ ဟာဇက်ဆီ စာပါးထားတယ်။ ဂျက်ကီက စစ်ဖြစ်နေချိန်မှာ စစ်သားတစ်ယောက်ဟာ စစ်မြေပြင်မှာပဲ တာဝန်ထမ်းဆောင်သင့်တယ်လို့ ယုံကြည်ပြီး ဗီယက်နမ်ကို ပြောင်းရွှေ့ဖို့ လျှောက်ချင်နေသူပါ။ ဟာဇက်က သူ့သဘောထားကို သိတော့ နားချဖို့ ကြိုးစားရင်း စစ်သားတစ်ယောက် သိသင့်တတ်သင့်တာတွေကို သင်ပေးပါတယ်။ စစ်မြေပြင်ကို သွားချင်နေတဲ့ လူငယ်လေးကို စစ်ပြန်တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ နားချနိုင်ပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။
ဇာတ်ကားကြည့်ရန်