The Iris Affair (2025) S1 ++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး The Iris Affair ကတော့ သည်းထိတ်ရင်ဖို ဗြိတိန်ဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး နောက်ခံအဖြစ် အီတလီနိုင်ငံ ဆာဒီနီယာကျွန်းမှာ ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ဆောင် အိုင်းရစ်နစ်ဆန် (Iris Nixon) ဟာ ထက်မြက်တဲ့ သင်္ချာပညာရှင်နဲ့ ဆန်းကြယ်တဲ့ကုတ်တွေကိုဖြေရှင်းနိုင်သူဖြစ်ပါတယ်။ အိုင်းရစ်က ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကန်မရွန်းဘက် (Cameron Beck) အတွက် ချာလီ (Charlie) လို့ခေါ်တဲ့ စက်ပစ္စည်းတစ်မျိုးကို လုပ်ဆောင်ပေးဖို့ ကြိုးစားခဲ့ရပါတယ်။ ဒီစက်ဟာ ကမ္ဘာ့ပြဿနာပေါင်းများစွာကို ဖြေရှင်းနိုင်တဲ့ စွမ်းအားရှိပေမယ့်လည်း အန္တရာယ်တွေပါရှိ နေတာကို နားလည်သဘောပေါက်လာခဲ့တာကြောင့် အိုင်းရစ်က ချာလီကို ဖွင့်နိုင်မယ့် လျှို့ဝှက်ကုတ်တွေ ပါတဲ့မှတ်တမ်းစာအုပ်ကိုခိုးယူပြီး ဆာဒီနီယာကိုပြေးဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အိုင်းရစ်ရှောင်ပြေးနေရချိန်မှာ သူ့ကို လိုက်လံရှာဖွေနေကြသူတွေ၊ အဂတိလိုက်စားတဲ့ ရဲတွေ၊ သူ့ရဲ့ကျောင်းသူလေး ဂျွိုင်း (Joy) အပါအဝင် တခြားသူတွေနဲ့ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ The Iris Affair ဇာတ်လမ်းတွဲဟာ စိတ်လှုပ်ရှားစရာဇာတ်လမ်းကြောင်းနဲ့အတူ အီတလီနိုင်ငံရဲ့ ရှုခင်းတွေကိုပါ လှပစွာထည့်သွင်းရိုက်ကူးထားပါတယ်။ အဓိကသရုပ်ဆောင် Niamh Algar ရဲ့ သရုပ်ဆောင်မှုကိုလည်း ချီးကျူးထားကြပါတယ်။ နည်းပညာရဲ့အကျိုးကျေးဇူးနဲ့အတူ အန္တရာယ်ကို ချိန်ဆတတ်ဖို့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကြောင်းနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Size – 626MB / 320MB Quality –WEB-DL 1080p HEVC / 720p Episodes - 8 Eps Duration - 40m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :Mystery , Thriller
ဇာတ်ကားကြည့်ရန်