★ 5.8
ဇာတ်ကား / 1986Raw Deal
အရာရှိကြီး ဟယ်ရီရှန်နွန်ရဲ့သားဟာ မာဖီးယားဂိုဏ်းတစ်ခုနဲ့ ပတ်သက်တဲ့အမှုမှာ မျက်မြင်သက်သေကို ကာကွယ်ပေးရင်း သေဆုံးသွားခဲ့ပါတယ်။ သားအတွက် လက်စားခြေချင်နေတဲ့ ဟယ်ရီနဲ့ လက်တွဲမိလာသူကတော့ အာနိုး သရုပ်ဆောင်ထားတဲ့ နယ်ထိန်း ကာမင်စကီပါ။ ကာမင်စကီဟာ ကလေးသူငယ်မုဒိမ်းမှုက တရားခံကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခဲ့လို့ ရာထူးချခံထားရသူဖြစ်ပါတယ်။ နယ်မြို့လေးတစ်မြို့မှာ အရက်စွဲနေတဲ့ ဇနီးနဲ့အတူ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့သူ့အတွက် ဟယ်ရီနဲ့ ပူးပေါင်းမှုက ချီကာဂိုမြို့ရဲ့ အကြီးဆုံးမာဖီးယားဂိုဏ်းကို ရင်ဆိုင်ရမယ့် အလုပ်ဖြစ်လာတယ်။ အရာရှိတွေကိုတောင် သူတို့ဘက်ပါအောင် လုပ်ထားနိုင်တဲ့ ဒီဂိုဏ်းကို အတွင်းကနေ ဖျက်ဆီးဖို့ သူလျှိုအဖြစ် ဝင်ရောက်ကြိုးစားကြပုံကို ရိုက်ထားတဲ့ ၁၉၈၀ ပြည့်နှစ်များက အက်ရှင်ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်