၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ်ဟာ သီလရှင်တစ်ပါးဆီက စာတစ်စောင်ရလာပါတယ်။ အဲဒီစာက ပထမကမ္ဘာစစ်မှာ သေဆုံးသွားပြီလို့ သိထားရတဲ့ သူ့ခင်ပွန်းလောင်းရဲ့ ရဲဘော်တစ်ဦးဆီကပါ။ အဲဒီနောက် ခင်ပွန်းလောင်းအပါအဝင် စစ်သားငါးယောက် သေမိန့်ချခံခဲ့ရတဲ့အကြောင်း ကြားသိရပြီး မာသိဒ်တစ်ယောက် ခင်ပွန်းလောင်းကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမဆုံး ပဲရစ်ကိုသွားပြီး စုံထောက်တစ်ယောက် ငှားပါတယ်။ ပတ်ဝန်းကျင်ကတော့ သူ့ကို ပိုက်ဆံတွေ အလဟဿဖြုန်းနေတယ်လို့ ပြောကြသလို ဦးလေးနဲ့အဒေါ်ကလည်း အတိတ်ကိုမေ့ပြီး သင့်တော်တဲ့သူတစ်ယောက် ရှာစေချင်ကြတယ်။ ဒါပေမယ့် မာသိဒ်ကတော့ ခင်ပွန်းလောင်း အသက်ရှင်နေသေးတယ်ဆိုတဲ့ ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ ရသမျှသတင်းအချက်အလက်တွေကို တစ်ခုချင်း လိုက်ချိတ်ဆက်နေပါတယ်။ သူရှာနေတဲ့သူကို ပြန်တွေ့နိုင်ပါ့မလား။ ခင်ပွန်းလောင်းက တကယ်ပဲ အသက်ရှင်နေသေးတာလား၊ အသက်ရှင်နေရင်ရော ဘာကြောင့် ပြန်မလာနိုင်တာလဲ။
ဇာတ်ကားကြည့်ရန်