နှုတ်ခမ်းမွှေး မရိတ်ဘဲထားလာတာ ကြာပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ဟာ တစ်နေ့မှာ ရိတ်လိုက်ပြီး ဇနီးနဲ့အတူ မိတ်ဆွေတွေရဲ့ ကလေးမွေးနေ့ပွဲကို သွားပါတယ်။ သူ့အသွင် ပြောင်းသွားတာကို ဇနီးအပါအဝင် ဘယ်သူကမှ သတိမထားမိကြဘူး။ အပြန်မှာတော့ အားလုံးက သူ့ကို ဝိုင်းနောက်နေကြတာလားဆိုပြီး ဒေါသထွက်လာပါတယ်။ ဇနီးရဲ့အဖြေက သူထင်ထားသလို မဟုတ်ဘူး။ သူ့မှာ အရင်ကတည်းက နှုတ်ခမ်းမွှေး မရှိခဲ့ဖူးဘူးလို့ ပြောလာတာပါ။ ကိုယ့်မှာ ရှိခဲ့တယ်လို့ မှတ်မိနေတဲ့အရာကို အနီးဆုံးလူကပါ ငြင်းနေတော့ သူလည်း လက်ခံဖို့ ခက်နေတယ်။ ဒါနဲ့ သူ့ဘဝထဲက တခြားလူတွေကို လိုက်မေးပြီး သူ့နှုတ်ခမ်းမွှေး ပျောက်သွားတာ သတိထားမိကြသလားဆိုတာ စမ်းကြည့်ပါတယ်။ မေးလေလေ အရင်ကတည်းက မရှိခဲ့သလို ဖြစ်လာလေလေဆိုပေမယ့် သူ့အတွက်တော့ ရှိခဲ့တာလား၊ မရှိခဲ့တာလား မသေချာနိုင်သေးပါဘူး။ ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ် စိတ်ပိုင်းဆိုင်ရာဒရာမာဖြစ်ပြီး Vincent Lindon နဲ့ Emmanuelle Devos တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Vincent Lindon က ကိန်းရုပ်ရှင်ပွဲတော်မှာ မင်းသားဆုရထားသူဖြစ်ပြီး Emmanuelle Devos ကတော့ César အကောင်းဆုံးမင်းသမီးဆု ရထားသူပါ။
ဇာတ်ကားကြည့်ရန်