Enemies With Benefits (2026) လန်လာလင် အဖြစ် Jan ploychompoo ဝိုင် ဝေထိကာ အဖြစ် Jing Jing ဇာတ်လမ်းအကျဉ်း လန်လာလင်ဆိုတဲ့ ၃၂နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ အရောင်းဌာနခေါင်းဆောင်သစ် ရာထူးနဲ့ အလုပ်ကိုအပေါင်းအသင်းဆံ့ဆံ့နဲ့ ကြိုးစားနေတဲ့ ချစ်စရာမိန်းကလေးတစ်ယောက်ဖြစ်ပါတယ် ကုမ္ပဏီအလုပ်မှာ ရောင်းအားတွေ ပြည့်နေပေမဲ့ လန်ရဲ့ အဓိက ရန်သူကတော့ စာရင်းဌာနခေါင်းဆောင်ဖြစ်တဲ့ စည်းမျဉ်းအတိုင်း အရမ်းတိကျပြီး လူတိုင်းကြောက်ရတဲ့ ဝိုင် ဝေထိကာပဲ ဖြစ်ပါတယ် လှလည်းလှ ထက်လည်းထက်တဲ့ ဝိုင်ရှေ့မှာဆို အမြဲ ရှုံးခဲ့ရတဲ့ လန် တစ်ယောက် တစ်နေ့ ဂျပန်ရုံးချုပ် ဧည့်ခံညစာစားပွဲက အပြန် ဝိုင့်ကို အိမ်ခေါ်သွားမိရာမှ နှစ်ယောက်သား မှားခဲ့ကြပါတော့တယ် အဆင်ပြေခဲ့ပြီထင်ခဲ့ပေမဲ့ ဝိုင့်ဘက်က လူသိမခံချင်ခဲ့တာကြောင့် လန်နဲ့ ဝိုင့်ဆက်ဆံရေးက one night stand ပဲ ဖြစ်လာမလား FWB ပဲ ဖြစ်လာမလား ဒါမှမဟုတ် ရန်တကျက်ကျက် ဖြစ်ရင်းနဲ့ပဲ တည်တံ့ခိုင်မြဲတဲ့ အချစ်ရေးတစ်ခု ဖြစ်လာမလားဆိုတာ “ Enemies with benefits” မှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်