သေနတ်ရှိရင် ဒုစရိုက်မှုနည်းမယ်၊ သေနတ်ကိုင်ထားသူကိုလည်း ဘယ်သူမှ ရန်စရဲမှာမဟုတ်ဘူးဆိုတဲ့ အယူအဆနဲ့ ဝန်ကြီးတစ်ယောက်က လူတိုင်း သေနတ်ကိုင်ဆောင်နိုင်ရေးအဆို တင်သွင်းလိုက်ပါတယ်။ အဲဒီနောက် လူတွေဟာ ရတနာတွေ ရောင်းပြီးတော့တောင် သေနတ်တွေ အပြိုင်အဆိုင် ဝယ်ကိုင်လာကြတယ်။ ရပ်ကွက်ဈေးတွေမှာပါ သေနတ်ကို အော်ဟစ်ရောင်းချနေကြပြီး “သေနတ်မပါရင် ဝင်ခွင့်မရှိ” ဆိုတဲ့အထိ ဖြစ်လာပါတယ်။ ဒါပေမယ့် သေနတ်ရောင်းဝယ်ခွင့် ပါမစ်တွေ ချပေးခဲ့စဉ်က ဝန်ကြီးမှာ လာဘ်စားထားတာတွေ ရှိနေတယ်။ အဲဒီအမှုအတွက် သက်သေရှိထားသူတစ်ယောက်နဲ့ ဝန်ကြီးတို့က ဟိုတယ်တစ်ခုရဲ့ အခန်း ၆၉၆၉ မှာ တွေ့ဖို့ စီစဉ်ကြပြီး အေးဂျင့်တွေကလည်း စောင့်ကြည့်နေကြပါတယ်။ အခန်းထဲကို ရောက်လာသူတွေက သူတို့နှစ်ယောက်တည်း မဟုတ်ဘဲ တခြားလူတွေပါ ပါလာတဲ့အခါ ကိစ္စတွေ ရှုပ်ကုန်တော့တယ်။ ဝန်ကြီးအဖြစ် Vennela Kishore က သရုပ်ဆောင်ထားပြီး အက်ရှင်နဲ့ စပိုင်ဇာတ်လမ်းကြားမှာ မျက်နှာတည်တည်နဲ့ လုပ်သွားတဲ့ ဟာသတွေကို ရောစပ်ထားပါတယ်။
ဇာတ်ကားကြည့်ရန်