Ghastly (2011) တချို့ Horror ကားတွေက Jump Scare နဲ့ပဲ ကြောက်အောင်လုပ်တယ်… တချို့ကားတွေကတော့ ကြည့်ပြီးသွားရင် စိတ်ထဲမှာ အကြာကြီးကျန်နေတတ်တယ်… “Ghastly” က ဒုတိယအမျိုးအစားထဲကပါ… ဒီကားထဲမှာ “Full House Take 2” နဲ့ “Coffee House” ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Han Eun-jung ၊ T-ARA အဖွဲ့ဝင်ဖြစ်ပြီး “Death Bell 2” ထဲက Hyomin ၊ “The Host” ၊ “Silenced” တို့လို နာမည်ကြီးကားတွေထဲက ကလေးသရုပ်ဆောင် Noh Kang-min တို့ ပါဝင်ထားပါတယ်… ဇာတ်လမ်းအညွှန်း ယူရင်းရဲ့ အစ်မ ဆိုဂျင်းတို့ မိသားစုက မိဘမဲ့ဖြစ်သွားတဲ့ တူလေး ဘင်နဲ့ အတူနေဖို့ အိမ်ပြောင်းလာခဲ့ပါတယ်။ ပြောင်းလာတဲ့အိမ်ကြီးမှာ ညတိုင်းကြားရတဲ့ အသံတွေ… မြင်ရတဲ့ အရိပ်တွေ.... အိမ်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် ဖြစ်ပျက်လာတဲ့ ထူးဆန်းမှုတွေ… ဒီကိစ္စတွေ အားလုံးဟာ တူဖြစ်သူ ဘင်နဲ့ ပတ်သက်နေကြောင်း ရှာဖွေ့တွေ့ရှိသွားတဲ့နောက်မှာတော့ ဘယ်လို ထိတ်လန့်စရာတွေကို ရင်ဆိုင်ရမလဲ ဒီကလေးလေးရဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကို ထိတ်လန့် စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ် Korean Horror ပီပီ Dark Atmosphere နဲ့ Creepy Mood ကို အပြည့် အသုံးချထားတဲ့ကားဖြစ်ပြီး Jump Scare ထက် Psychological Tension ကို ပိုသုံးထားတာကြောင့် တဖြည်းဖြည်း စိတ်ဖိစီးလာစေမယ့် Horror အမျိုးအစားပါ… သွေးထွက်သံယို Scene တချို့လည်း ပါဝင်တာကြောင့် Horror Fan တွေအတွက်တော့ ကြည့်သင့်တဲ့ Underrated Korean Horror ကားတစ်ကားလို့ ပြောလို့ရပါတယ်… File Size - 1.2 GB/ 518 MB Quality - WEB-DL 1080p/ 720p Duration - 1h 18m Format - mp4 Genre - Horror, Thriller Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်