Uptown Girls (2003) IMDb Rating (6.3) / Rotten Tomatoes (14%) Dakota Fanning ငယ်ငယ်က ရုပ်ရှင်ပေါ့။ နတ်သမီးပုံပြင်ဆန်ဆန်ပဲ။ ဝက်ကလေးတစ်ကောင်နဲ့ ချမ်းသာလွန်းတဲ့မိဘတွေနဲ့ပေါ့။ မင်းသမီးက နာမည်ကျော် အဆိုတော်ကြီးရဲ့ သမီး။ တစ်နေ့မှာ သူ့အဖေနဲ့အမေက ပွဲသွားဖျော်ဖြေဖို့ သွားတဲ့ခရီးမှာ လေယာဉ်ပျက်ကျပြီး သေသွားတယ်။ ကလေးမလေးက ကိုးနှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ အမွေတွေအများကြီးကျန်ခဲ့တော့ မင်းသမီးလေးလိုပဲ ကောင်းကောင်းရှင်သန်နိုင်ခဲ့တယ်။ သူ့အသက်၂၂ပြည့် မွေးနေ့ပွဲကို ခမ်းခမ်းနားနား ကျင်းပအပြီးမှာ သူ့အမွေ ငွေတွေကို သူ့ရှေ့နေက လှည့်ယူသွားတယ်။ ငမွဲဖြစ်သွားတဲ့ မင်းသမီးလေးက တခြားမင်းသမီးပေါက်စလေးဆီမှာ အလုပ်သွားလုပ်ရင်း လူကြီးဖြစ်ပြီး ကလေးဆန်လွန်းတဲ့ မင်းသမီးလေးနဲ့ ကလေးဖြစ်ပြီး လူကြီးဆန်လွန်းတဲ့ မင်းသမီးလေး ၂ယောက် တစ်ယောက် ထရော်မာတွေကို တစ်ယောက်ကုစားပေးသွားတဲ့ ဇာတ်လမ်းပါပဲ။ ၁၀ကျော်သက်ကလေးတွေကို ပြသင့်တဲ့ ဇာတ်လမ်းမျိုးလို့ ပြောလို့ရတယ်။ File size… (2.9 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:32:45 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်