အက်ဂင်ဟာ လူတွေကို ကူညီပေးတဲ့ စောင်းသမားအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ အကြောင်းတစ်ခုကြောင့် သူခိုးဘဝကို ပြောင်းလာသူပါ။ သူ့အဖွဲ့ထဲမှာ သမီးဖြစ်သူ ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ မှော်ဆရာ ဆိုင်မွန်နဲ့ လူလိမ် ဖို့ဂျ်တို့ ပါဝင်ကြပါတယ်။ တစ်ခါမှာတော့ သေဆုံးသွားတဲ့ ဇနီးကို အသက်ပြန်သွင်းပေးနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကို ခိုးယူရင်း အက်ဂင်နဲ့ ဟိုဂါတို့ အဖမ်းခံရပြီး ထောင်ကျသွားတယ်။ ထောင်ကနေ ထွက်ပြေးလာပြီးနောက် အက်ဂင်က ကျောက်ပြားနဲ့ သမီးကို ပြန်လိုက်ရှာပါတယ်။ အဲဒီလို ရှာဖွေနေရင်း သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ရမယ့်အဖြစ်ကိုပါ ကြုံလာရတာပါ။ ဒီရုပ်ရှင်က မျိုးနွယ်စုတွေ၊ မှော်သတ္တဝါတွေ၊ လက်နက်နဲ့ အစွမ်းအမျိုးမျိုး ပါဝင်တဲ့ Dungeons & Dragons ဂိမ်းကို အခြေခံထားပါတယ်။ စားပွဲဝိုင်းမှာ ဇာတ်ကောင်အဖြစ် ဝင်ရောက်ကစားရတဲ့ ဂိမ်းကနေ ကွန်ပျူတာနဲ့ ဖုန်းပေါ်က ဂိမ်းတွေ၊ စာအုပ်တွေအထိ ရှိလာခဲ့ပြီး အရင်ကလည်း ရုပ်ရှင်သုံးကားလောက် ထွက်ရှိခဲ့ဖူးပါတယ်။ ဒီတစ်ကားမှာတော့ Wonder Woman ထဲက ခရစ္စပိုင်းက အဓိကပါဝင်ထားပြီး ဂိမ်းတွေထဲက မှော်တိုက်ကွက်တွေ၊ Neverwinter မြို့ရဲ့ နေရာအမျိုးမျိုးနဲ့ ဂိမ်းပရိသတ်တွေ သတိထားမိနိုင်မယ့် အကိုးအကားလေးတွေကို ထည့်သွင်းထားပါတယ်။
ဇာတ်ကားကြည့်ရန်