First Haunt (2025) ဝီလ်ဟာ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသူဖြစ်ပြီး အရက်သမားဖြစ်တဲ့အဖေ့ကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားရင် သူ့အကျင့်စရိုက်တွေက အဖေနဲ့ တူမှန်းမသိ တူလာလို့ ဘဝကို စိတ်ကုန်နေသူတစ်ဦး ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူတို့ နယ်မြို့ကလေးမှာ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို မဖမ်းဆီးနိုင်သေးပဲ အဲဒီလူသတ်သမားက ကလဲရ်ဆိုတဲ့ကောင်မလေးကို ထပ်ပြီး သ-တ်-ပ-စ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကလဲရ်ဟာ တမလွန်ဘဝကို ရောက်ရှိသွားပြီး သူမဟာ သရဲမလေးအနေနဲ့ ပထမဆုံး တာဝန်ကျတာကတော့ လူသားတစ်ယောက်ကို ခြောက်လှန့်ဖို့ပါပဲ။ အကြောင်းတိုက်ဆိုင်ချင်တော့ သူမ ပထမဆုံးခြောက်လှန့်ရမဲ့လူသားဟာ စိတ်ဓာတ်ကျနေတဲ့ စာရေးဆရာ ဝီလ်ဖြစ်လို့ နေပါတော့တယ်။ ဒီတော့ ဘဝကိုစိတ်ကုန်နေတဲ့ ဝီလ်နဲ့ ပထမဆုံး ခြောက်လှန့်ဖို့ တာဝန်ကျတဲ့ သရဲမလေး ကလဲရ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်