Azaad (2025) Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မင်းသားကြီးအဂျေးရဲ့ ကိုလိုနီခေတ်နောက်ခံ ဟင်ဒီစကားပြော အက်ရှင်ဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယကို ဗြိတိသျှတို့အုပ်စိုးစဉ်ကာလက ရွာတွေမှာ ဗြိတိသျှအားကိုးနဲ့ ဖိနှိပ်နေတဲ့ မြေရှင်တွေရယ် အဖိနှိပ်ခံရွာသားတွေအကြောင်း ပုံဖော်ရိုက်ကူးထားတာပါ။ ရွာတစ်ရွာက ဂိုဗင်ဆိုတဲ့လူငယ်လေးဟာ မြင်းတွေအရမ်းချစ်တဲ့သူပါ။ သူ့အဖေကလည်း သူတို့အရပ်က မြေရှင်ကြီးရဲ့မြင်းထိန်းတစ်ယောက်ပေါ့။ သူကိုယ်တိုင်လည်း မြင်းဇောင်းမှာ လက်တိုလက်တောင်းလုပ်ရသူ ဖြစ်ပါတယ်။ မြင်းတွေနဲ့အမြဲထိတွေ့နေရပေမဲ့ အဲဒီခေတ်အခါက လူတန်းစားခွဲခြားမှုကြောင့် သူ့မှာမြင်းစီးခွင့်မရခဲ့ပါဘူး။ ဒီလိုနဲ့ မြင်းကောင်းတစ်စီးပိုင်ဆိုင်ခွင့်ရဖို့နဲ့ မြင်းစီးဖို့ဟာ သူ့ရဲ့အကြီးမားဆုံးအိပ်မက်ကြီး ဖြစ်လာပါတော့တယ်။ ဂိုဗင်ဟာ လူတန်းစားခွဲခြားမှုကြောင့် မြင်းစီးခွင့်မရတာကို လက်မခံရုံမက မြေရှင်လူတန်းစားရဲ့ဖိနှိပ်မှုတွေကိုလည်း မကျေနပ်သူပါ။ တစ်နေ့တော့ သူနဲ့ရန်စရှိတဲ့ ဗြိတိသျှအလိုတော်ရိ မြေရှင်ကြီးရဲ့သမီးဖြစ်သူနဲ့ ပြဿနာတက်ပြီး ထွက်ပြေးရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲဒီလိုနဲ့ ရွာပြင်ကိုထွက်ပြေးလာခဲ့တဲ့ဂိုဗင်ဟာ တစ်နေရာမှာ ဗြိတိသျှတို့ဆုကြေးထုတ်ထားတဲ့ တောပုန်းဓားပြဗစ်ခရမ်ဆင်းဂ်နဲ့ သူ့ရဲ့မြင်းကြီးအာဇတ်ကို တွေ့လိုက်ရပါတယ်။ အာဇတ်ကိုမြင်မြင်ချင်း အရမ်းသဘောကျသွားတဲ့ ဂိုဗင်တစ်ယောက် မြင်းနောက်ကိုကောက်ကောက်ပါအောင်လိုက်ပြီး ဗစ်ခရမ်ဆင်းဂ်နောက်ကို ပါသွားတဲ့အခါ...။ အပြစ်ပေးခံရမှာကြောက်ပြီး ထွက်ပြေးရင်း တောပုန်းဓားပြစခန်းကိုရောက်သွားတဲ့ ဂိုဗင်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ၊ ဗစ်ခရမ်ဆင်းဂ်၊ ဂိုဗင်နဲ့ မြင်းကြီးအာဇတ်တို့ရဲ့ကံကြမ္မာကရော ဘာတွေပြောင်းလဲသွားမလဲဆိုတာကို အချစ်၊ အလွမ်း၊ အကြမ်း ရသမျိုးစုံနဲ့ စိတ်၀င်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…2.4 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 27min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
ဇာတ်ကားကြည့်ရန်