Shake, Rattle & Roll Evil Origins (2026) IMDb Rating (4.1) Shake, Rattle & Roll ဇာတ်ကားတွဲတွေဟာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် Horror Anthology ဇာတ်ကားတွဲတွေဖြစ်ပြီး အခု "Evil Origins"ကတော့ ခေတ်ကာလသုံးခုကိုဆက်စပ်ပြီး မကောင်းဆိုးဝါးရဲ့အစပျိုးမှုကို ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Past - "1775" (အတိတ်ကာလ - စပိန်ခေတ် သီလရှင်ကျောင်း) စပိန်ကိုလိုနီခေတ်သီလရှင်ကျောင်းတစ်ခုကို သီလရှင်သစ်လေးဦး ရောက်လာခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ပါးဖြစ်တဲ့ဖလောဟာ တိမ်းမှောက်သွားခဲ့တဲ့ သင်္ဘောတစ်စီးဆီက သေတ္တာတစ်လုံးနဲ့အတူ သီလရှင်ကျောင်းမှာဖြစ်ပေါ်လာခဲ့တဲ့ဆန်းကြယ်တဲ့သေဆုံးမှုတွေကို ရင်ဆိုင်ရပါတော့တယ်။ အဲ့ဒီသေတ္တာထဲမှာတော့ မက္ကဆီကိုနိုင်ငံမှ ရှေးလူတွေပိတ်လှောင် ထားခဲ့တဲ့ မာလမ် ဆိုတဲ့ နတ်ဆိုး ကိန်းဝပ်နေခဲ့တာဖြစ်ပါတယ်။ Present - "2025" (ပစ္စုပ္ပန်ကာလ - Hellclipse ကလပ်) ဟယ်လိုဝင်းညမှာ Hellclipse အတွင်းကျင်းပနေတဲ့ ပါတီပွဲတစ်ခုတည်းကို ပွဲလာသူတွေနဲ့ ခါးပိုက်နှိုက်တွေရောက်ရှိနေကြတဲ့အချိန်မှာ နတ်ဆိုး မာလမ်ကို ကိုးကွယ်တဲ့ ဂိုဏ်းဝင်တွေရဲ့ ရက်စက်စွာသတ်ဖြတ်မှုကိုရင်ဆိုင်ကြရပါတယ်။ ကလပ်အတွင်းပိတ်မိသွားတဲ့ လူငယ်တစ်စုဟာ အသက်ဘေးကလွတ်ဖို့ကြိုးစားကြရင် အဲ့ဒီနေရာမှာ မကောင်းဆိုးဝါးရဲ့သေတ္တာကိုပြန်ပြီးတွေ့ရှိခဲ့ကြပါတယ်။ Future - "2050" (အနာဂတ်ကာလ - ပျက်စီးသွားပြီး ဖိလစ်ပိုင်) Hellclipse ကလပ်လူသတ်ပွဲဖြစ်ပြီး ၂၅ နှစ်အကြာမှာတော့ ဖိလစ်ပိုင်တစ်နိုင်ငံလုံးဟာ မာလမ်ဦးဆောင်တဲ့ သွေးစုတ်မိစ္ဆာ(ဖုတ်ကောင်)တွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်သူ လူနည်းစုဟာ ပုန်းအောင်းနေထိုင်ကြရင် မာလမ်းကိုပြန်လည်ပိတ်လှောင်နိုင်မယ့်နည်းလမ်းကိုရှာဖွေပြီး မကောင်းဆိုးဝါးတွေကို နောက်ဆုံးအကြိမ်ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ နာမည်ကျော် Franchise ကြီးတစ်ခုရဲ့နောက်ဆုံးထွက် ဇာတ်ကားဖြစ်တဲ့အတွက် မကောင်းမှာတော့မပူရပါဘူး။ ဇာတ်လမ်းဇာတ်အိမ် သရုပ်ဆောင်တွေသာတင်မက VFX တွေပါအထူးကောင်းမွန်ပြီး ပွဲဦးထွက်ပြသရာ Metro Manila Film Festival မှာ Category ခုနှစ်မျိုးအထိ ဆန်ကာတင်ဝင်ခဲ့ပြီး Best Visual Effects ဆုရရှိခဲ့ပါတယ်။ File size… (1.6 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 02:27:18 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်