Once Were Warriors (1994) ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Lee Tamahori ရိုက်ကူးခဲ့တဲ့ "Once Were Warriors" ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တစ်ချိန်က စစ်သည်တော်ဖြစ်ခဲ့ဖူးတဲ့ မာအိုရီလူမျိုးစုဝင်ဖြစ်တဲ့ " ဘက်သ်"ဟာ မျိုးနွယ်စုရဲ့ မာနနဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်ပြီး မိသားစုကို မေတ္တာတွေနဲ့ပေါင်းစည်းချင်ပေမဲ့ မူးယစ်ခြင်း အကြမ်းဖက်ခြင်း ဆင်းရဲဒုက္ခတွေကြားမှာ ပျောက်ဆုံးသွားခဲ့ရပါတယ်.... သူ့ရဲ့ယောကျာ်း "ဂျိတ်"ကလည်း သန်မာသလောက် အရက်သောက်ပြီးရင်တော့ ဒေါသကို မထိန်းချုပ်နိုင်တဲ့ လူကြမ်းတစ်ယောက်ဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုကြောင့် နေ့စဥ်ဘဝကို ခက်ခဲစွာ ရင်ဆိုင်ဖြတ်သန်းနေခဲ့ရတာပါ မိသားစုထဲ အဆင်မပြေမှုတွေနဲ့အတူ ကလေးတွေကလည်း ကိုယ့်ကိုယ်ကိုယ်ရှာဖွေရင်း မတူညီတဲ့ လမ်းကြောင်းတွေကို ရွေးချယ်သွားခဲ့ကြပါတယ် "ဂျိတ်"ရဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် ဂိုဏ်းစတားလောကထဲ ရောက်သွားတဲ့ သားဖြစ်သူနဲ့ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတွေကြားမှာ "ဘက်သ်" တစ်ယောက် သူမရဲ့ မိသားစုကို ဘယ်လိုပြန်လည်ကယ်တင်မလဲ... နာကျင်မှုတွေကြားမှာ မျှော်လင့်ချက် ရှိနိုင်မလား သူ့ရဲ့ သွေးထဲမှာ စီးဆင်းနေတဲ့ စစ်သည်တော်စိတ်ဓာတ်က အကြမ်းဖက်မှုတွေအတွက်လား ဒါမှမဟုတ် ရုန်းထွက်ရှင်သန်ဖိုအတွက်လားဆိုတာ...
ဇာတ်ကားကြည့်ရန်