နေ့စဉ်စားသုံးနေတဲ့ဟင်းလျာတွေတောင် တစ်မျိုးထဲထပ်ခါ ထပ်ခါစားသုံးနေပါက ရိုးအီသွားပါလိမ့်မည်.. ကြက်အဆီပျံ ဝက်သားနီလန် မအီအောင် ချဉ်ပေါင်ခံ လည်း နေ့စဉ်စားသုံးပါက အဆင်မပြေဖြစ်ပါလိမ့်မည်... အားလပ်ချိန်ထဲက ရုပ်ရှင်ကားတွေခံစားစဉ်မှာလည်း အတွေးအခေါ်နဲ့ဆိုင်တဲ့ကားမျိုးတွေ လှည့်ကွက်ပေါင်းများစွာပါတဲ့ကားမျိုးတွေ ရင်နင့်အောင်ခံစားရတဲ့ကားတွေကို ဆက်တိုက်ကြည့်ပြန်တော့လည်း နှလုံးသားအဟာရမဖြစ်တဲ့အပြင် နွမ်းလျမှုတွေပဲ ပိုတိုးလာပါလိမ့်မယ်.. ဒါကြောင့် ဟာသကားတွေလည်း မရှိမဖြစ်လိုကိုလိုအပ်လေတော့ အလှည့်ကျခံစားဖို့ရာ တင်ဆက်ပေးလိုက်ပါသည်... ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်.. အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma's House တို့ကိုတော့ သိမယ်ထင်ပါတယ်.. ရယ်ရတာ အူတက်တယ်ဆိုတဲ့ဝေါဟာရကိုဒီကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားထပ်သဘောပေါက်သွားလိမ့်မယ်.. ကိုင်းပြောတာလည်းရှည်ပြီဆိုတော့ ဇာတ်လမ်းအညွှန်းကို နည်းနည်းဆက်လိုက်ရအောင်.... ဇာတ်လမ်းအညွှန်း နင်းကန် ရယ်ရတယ်...ဒါပဲ... ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (900 MB) Quality : Blu-Ray 720p Format…mp4 Duration…01:28:00 Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
ဇာတ်ကားကြည့်ရန်