ဟော်ပါက ပျော်ပျော်ပါးပါးနဲ့ ပေါက်ကရလုပ်ရင်း နေတတ်တဲ့ အမေရိကန်လူငယ်တစ်ယောက်ပါ။ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကို သဘောကျမိပြီးနောက် အစ်ကိုဖြစ်သူရဲ့ တိုက်တွန်းမှုနဲ့ ရေတပ်ထဲ ဝင်လာခဲ့တယ်။ ရေတပ်အရာရှိတစ်ယောက် ဖြစ်လာတဲ့အခါ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်ရေးမှာ ပါဝင်ဖို့ တာဝန်ပေးခံရပါတယ်။ လေ့ကျင့်ရေးလုပ်နေတုန်း သူတို့အနီးမှာ မမျှော်လင့်ထားတဲ့ ယာဉ်ပျံကြီးတွေ ပေါ်လာတယ်။ အဲဒီယာဉ်တွေက လေ့ကျင့်ရေးအစီအစဉ်ထဲကလည်း မဟုတ်သလို သူတို့ထင်ထားတဲ့ မြောက်ကိုရီးယားဘက်ကလည်း မဟုတ်ပါဘူး။ ပိုထူးဆန်းတာက ယာဉ်တွေနားမှာ ရေတပ်ရဲ့ ရေဒါတွေ အလုပ်မလုပ်တော့တာပါပဲ။ ပြင်ပနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဟော်ပါတို့ဟာ အဲဒီယာဉ်ပျံတွေနဲ့ ရေပြင်ပေါ်မှာ အပြန်အလှန် တိုက်ခိုက်ကြရပါတော့တယ်။ ယာဉ်တွေထဲမှာ ဘယ်သူတွေပါလာပြီး ကမ္ဘာမြေပေါ်ကို ဘယ်လိုရောက်လာကြတာလဲဆိုတာတော့ မသိရသေးပါဘူး။ ၂၀၁၂ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ် အက်ရှင်နဲ့ စွန့်စားခန်းရုပ်ရှင်ဖြစ်ပြီး Taylor Kitsch၊ Rihanna၊ Liam Neeson နဲ့ Brooklyn Decker တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၃ သန်း ရရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်