Dead Men Don't Wear Plaid (1982) IMDB : 6.8 Rotten Tomatoes : 71% Genre : Comedy / Noir ဒီရုပ်ရှင်ကတော်တော်လေးကို ထူးခြားတဲ့ထဲမှာ ပါပါတယ်။ ဘာလို့လဲဆိုတော့ Comedy နဲ့ Noir ကိုပေါင်းစပ်ထားတဲ့ Parody Noir ရုပ်ရှင်ဖြစ်လို့ပါပဲ။ Noir နဲ့ Comedy ဆိုတာ ပြောရရင်ဆန့်ကျင်ဘက်ပါပဲ။ ဒါကိုမှ ဒါရိုက်တာ Carl Reiner က အကောင်းဆုံးပေါင်းစပ်ပြီး မင်းသား Steve Martin က ခေါင်းဆောင်သရုပ်ဆောင်ထားတာမလို့ တော်တော်လေးကို ကြည့်လို့ကောင်းလှပါတယ်။ ဒါတင်မကသေးပဲ Steve Martin က မင်းသားကြီး Cary Grant,Humphrey Bogart မင်းသမီးကြီး Ingrid Bergman တို့နဲ့ မျက်နှာချင်းဆိုင်စကားပြောတဲ့ ဖြတ်ညှပ်ကပ်အခန်းတွေပါဝင်ပါသေးတယ်။ ဒီရုပ်ရှင်က Comedy နဲ့ Noir ကိုပေါင်းစပ်ပြီး IMDB 7 နားကပ်နေတာမလို့ ဒီရုပ်ရှင်ရဲ့ အတိမ်အနက်ကိုနားလည်လောက်မှာပါ။ ဇာတ်ညွှန်း “သေသူက အကွက်မဝတ်ဘူး” ဒါက ရုပ်ရှင်ရဲ့ နာမည်ပါ။ပြောရရင် အဲဒီနာမည်နဲ့ ရုပ်ရှင်က ဘာမှကိုမဆိုင်သလို အထဲက ဇာတ်ကောင် စုံထောက်ကျော် ရစ်ဂ်ဘီကိုယ်တိုင်လည်း ဘာကိုဆိုလိုမှန်းမသိခဲ့ပါဘူး။ ရစ်ဂ်ဘီဆိုတာက ကမ္ဘာမကျော် နိုင်ငံမကျော် အလွတ်စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ စုံထောက်တို့တတ်အပ်တဲ့ ပညာရပ် တစ်သိန်းခြောက်သောင်းလောက်ထဲမှာ သူအကျွမ်းဆုံးကတော့ စော်ချုပ်တာပါပဲ။ တစ်ရက်မှာတော့ နိုင်ငံကျော် ဒိန်ခဲပညာရှင်ကြီးရဲ့ သမီးဖြစ်သူ ဂျူးလိယက်က သူ့ဆီကို “ကျွန်မအဖေ ဆုံးသွားတာ ကားမတော်တဆမှုကြောင့်မဟုတ်ဘူး၊ အသ-တ်ခံရတာ၊ ပူးပေါင်းကြံစည်ခံရတာ” ဆိုပြီး ထင်မြင်ချက်တစ်ခုကို ဆုပ်ကိုင်ပြီးတော့ ရစ်ဂ်ဘီဆီကိုရောက်လာခဲ့ပါတယ်။ “ဒီလိုမျိုးထင်မြင်ချက်တစ်ခုတည်းနဲ့ အမှုတစ်ခုကို လိုက်လို့မရကြောင်း” အပြီးငြင်းမယ်ကြံလိုက်ကာမှ ဂျူးလိယက်က ဒေါ်လာ ၂၀၀ အသုံးစရိတ်မပါပေးမယ်ဆိုတော့ အမှုကိုရေဆုံးလေဆုံးလိုက်ဖို့ဖြစ်လာပါတော့တယ်။ အမှုက ထင်ထားသလို လွယ်မလာပဲ ရှုပ်သထက်ရှုပ်လာကာ F.O.C လို့ခေါ်တဲ အဖွဲ့အစည်းတစ်ခုပါပါလာကြောင်းကိုသိလိုက်ရတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size… 1.8 GB / 1 GB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy / Noir Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်