CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ Lost You Forever မှာတုန်းက ထူရှန်းကျင်ကို ကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ် ဇာတ်လမ်းသစ်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်၂၀တုန်းက ရှီးရှန်းဂိုဏ်းရဲ့ခေါင်းဆောင် မုချင်းကောတစ်ယောက်ဟာ သူ့တပည့်ဖြစ်သူ စူးယိရွှေ ကိုယ်ထဲမှာရှိတဲ့လင်ချွမ်ကြောင့် လူသားတွေမှာ ဖြစ်လာမယ့်မိစ္ဆာအန္တာရာယ်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့ေရွှအမြုတေကိုစတေးခံပြီး ချိတ်ပိတ်လိုက်ပါတယ် အဲ့ဒါကို အားလုံးက သူ့ကို မိစ္ဆာလမ်းစဉ်လိုက်သွားတယ်ဆိုပြီးတော့ အထင်လွဲကြပြီး ဂိုဏ်းကြီး၄ဂိုဏ်းက ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ သူ့ကိုသတ်ပစ်လိုက်ကြပါတယ် အဖြစ်မှန်တွေကိုသိနေတဲ့ စူးယိရွှေကတော့ သူ့ဆရာဖြစ်သူကို ပြန်အသက်သွင်းဖို့ အန္တာရာယ်ပေါင်းစုံကို ဖြတ်ကျော်ပြီးနောက်မှာတော့ လူပြန်ဝင်စားတဲ့သစ်ပင်ကိုရှာတွေ့ခဲ့ပြီး သူ့ရဲ့ရွှေအမြုတေတစ်ဝက်ကိုရင်းပြီး အသက်သွင်းခဲ့ပါတယ် အဲ့လိုနဲ့ နှစ်၂၀ကြာပြီးနောက်မှာတော့ မုချင်းကောဟာ ကျန်းမာရေးချို့တဲ့တဲ့ ရွှယ်ရန်ရန်အဖြစ်ပြန်လည်မွေးဖွားလာပြီးတော့ ရှီးရှန်ဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ စူးယိရွှေက တပည့်အဖြစ်ခေါ်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ် ဆရာနဲ့တပည့်အနေအထားပြောင်းလဲသွားတဲ့အချိန်မှာတော့ လင်ချွမ်ကို ပိတ်ထားတဲ့စည်းကပြန်ပြီးတော့ ရော့ရဲလာပါတော့တယ် မိစ္ဆာလမ်းစဉ်ကျင့်ကြံတဲ့ သွမ်းထျန်းကတော့ လင်ချွမ်ကိုအသုံးချပြီးတော့ မိစ္ဆာကြီးကိုဖန်တီးဖို့ကြိုးပမ်းပါတော့တယ် စူးယိရွှေကသူ့ဆရာရဲ့ညွှန်ကြားချက်အတိုင်း လင်ချွမ်ကိုထပ်ပြီးတော့ ချိတ်ပိတ်ဖို့လုပ်ပါတယ် အဲ့အချိန်မှာပဲ သွမ်းထျန်းရဲ့ ထောင်ချောက်ထဲကိုဝင်ပြီးတော့ စူးယိရွှေတစ်ယောက် အတိတ်မေ့သွားပြီး ရွှယ်ရန်ရန်ကို ထပ်ပြီးချစ်မိသွားပါတော့တယ် ဇာတ်လမ်းလေးကရိုမန့်တစ်ဆန်ဆန်လေးမို့ တရုတ်ဇာတ်လမ်းတွဲကြိုက်ကြတဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးကို CM ကနေစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်နော် Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
ဇာတ်ကားကြည့်ရန်