Is This Thing On? (2025) IMDb Rating (7.1) / Rotten Tomatoes (86%) ဒီကားက မင်းသားကြီး Bradley Cooper ကိုယ်တိုင် ဒါရိုက်တာလုပ်ထားပြီး ကိုယ်တိုင်လည်း ဇာတ်ပို့အနေနဲ့ ပါဝင်အားဖြည့်ထားတဲ့ Comedy Drama ကားကောင်းလေးပါ။ ဇာတ်လမ်းကတော့ Alex (Will Arnett) နဲ့ Tess (Laura Dern) တို့ လင်မယားနှစ်ယောက် လမ်းခွဲကြတဲ့အကြောင်းပေါ့။ လမ်းခွဲတယ်ဆိုပေမဲ့ ရန်ဖြစ်ပြီး ကွဲတာမျိုးမဟုတ်ဘဲ အေးအေးဆေးဆေးပဲ ကွဲလိုက်ကြတာ။ သားနှစ်ယောက်လည်း ရှိနေတော့ မိဘတာဝန်ကို ဘယ်လိုဆက်ယူမလဲ၊ သူငယ်ချင်းအဖြစ် ဘယ်လိုဆက်နေမလဲဆိုတာ ညှိနှိုင်းရတာပေါ့။ ဒီလိုနဲ့ Alex တစ်ယောက် အိမ်ခွဲနေရင်း စိတ်လေပြီး ဘားတစ်ခုကို ရောက်သွားတယ်။ ဝင်ကြေးမပေးချင်တာနဲ့ Open Mic (လူရွှင်တော်စင်မြင့်) မှာ နာမည်ပေးပြီး ဝင်ပြောလိုက်ရာကနေ Stand-up Comedy လောကထဲ ရောက်သွားပုံကို ရိုက်ပြထားတာပါ။ ကိုယ့်ဘဝရဲ့ အလွဲတွေ၊ နာကျင်စရာတွေကို ဟာသလုပ်ပြီး ပြောရင်းနဲ့ စိတ်ထွက်ပေါက် ရှာတွေ့သွားတာပေါ့။ ပုံမှန် Rom-Com ကားတွေလို မဟုတ်ဘဲ လူလတ်ပိုင်းလင်မယားတွေရဲ့ ဘဝအချိုးအကွေ့၊ မိသားစု ပြဿနာတွေကို ဟာသလေးနှောပြီး နွေးနွေးထွေးထွေး ရိုက်ပြထားတဲ့ကားပါ။ Will Arnett ရဲ့ သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေး ကောင်းပါတယ်။ Drama ကြိုက်တဲ့သူတွေ၊ ဘဝသရုပ်ဖော်ကား ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့် ကားလေးတစ်ကားပါပဲ။ File size… (5.2 GB) / (1.8 GB) / (1.2 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 02:00:54 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်