ဇာတ်ကား / 2023Days of Daisy
Daisy ဟာ West High School မှာ အလုပ်လုပ်နေတဲ့ သာမန်စာကြည့်တိုက်မှူးတစ်ယောက်ပါ။ ကျောင်းက ထောက်ပံ့မှုမရှိတာ၊ ကလေးတွေက စိတ်မဝင်စားတာတွေကြောင့် ပန်းချီဆရာမက စာသင်နှစ်တစ်ဝက်မှာပဲ အလုပ်ထွက်သွားပါတယ်။ သင်ပေးမယ့်ဆရာမ မရှိတော့လို့ အခက်တွေ့နေတဲ့ ကလေးတွေကို ကူညီချင်တဲ့ Daisy ဟာ ပန်းချီမဆွဲတတ်ဘဲ ပန်းချီဆရာမနေရာကို ဝင်ယူလိုက်ရတော့တယ်။ ကိုယ်ပိုင်ဘဝမှာလည်း ဖိအားတွေများနေတဲ့ Daisy ရဲ့ဘဝထဲကို လွတ်လွတ်လပ်လပ် နေတတ်တဲ့ ဓာတ်ပုံဆရာ Jack Palmer ရောက်လာပါတယ်။ ဟာသဇာတ်ကားဖြစ်တဲ့ ဒီဇာတ်လမ်းက သူတို့တွေ့ဆုံလာတဲ့နောက် Daisy ဘာတွေဆက်ကြုံရမလဲဆိုတဲ့ဘက်ကို ဆက်သွားပါတယ်။
ဇာတ်ကားကြည့်ရန်