ဘော်ဘီဟာ ဂေးအသိုင်းအဝိုင်းမှာ သြဇာရှိပြီး လူအများ စံပြထားကြတဲ့သူတစ်ယောက်ပါ။ ဂေးတွေနဲ့ပတ်သက်တဲ့ အသံလွှင့်အစီအစဉ်တစ်ခုကိုလည်း လုပ်ကိုင်နေတယ်။ သူကိုယ်တိုင်ကတော့ အတည်တကျ ချစ်သူထားဖို့ စိတ်မကူးဘဲ Grindr ကနေ တွေ့တဲ့အမျိုးသားတွေနဲ့ ခဏတာ ဆက်ဆံရေးတွေပဲ ထားပြီး တစ်ကိုယ်တည်း နေလာခဲ့ပါတယ်။ တစ်နေ့ ဂေးပါတီတစ်ခုမှာ ဘော်ဘီနဲ့ အယ်ရွန်တို့ တွေ့ဆုံကြတယ်။ အယ်ရွန်က သေတမ်းစာရှေ့နေတစ်ယောက်ဖြစ်ပြီး ကိုယ့်အလုပ်ကို ငြီးငွေ့နေသူပါ။ သူလည်း ဘော်ဘီလိုပဲ အတည်တကျ ဆက်ဆံရေးတစ်ခု မလိုချင်ဘူး။ ဒါကြောင့် အစမှာ အပျော်သဘောပဲ တွဲခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်လာကြပါတယ်။ ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းတွေ မတူကြတော့ နှစ်ယောက်ကြားမှာ အဖုအထစ်တွေ ပေါ်လာပြီး ညှိနှိုင်းကြရတယ်။ အဲဒီအခက်အခဲတွေကို အတူရင်ဆိုင်နိုင်မလား၊ လမ်းခွဲဖြစ်သွားမလားဆိုတာကို ဟာသနှောပြီး ပြထားပါတယ်။ LGBTQ အသိုင်းအဝိုင်း၊ အထူးသဖြင့် ဂေးတွေရဲ့ နေထိုင်မှုနဲ့ အပြောအဆိုတွေကို ပွင့်ပွင့်လင်းလင်း တင်ပြထားပြီး လိင်အသားပေးအခန်းတွေ များတာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။
ဇာတ်ကားကြည့်ရန်