Around the Bend (2004) IMDb Rating (6.4) / Rotten Tomatoes (29%) အော်စကာဆုရ မင်းသားကြီး Michael Caine နဲ့ Christopher Walken တို့ နှစ်ယောက်စလုံးကို တစ်ကားတည်းမှာ အဖေနဲ့သားအဖြစ် အပြိုင်အဆိုင် ကြည့်ရမှာက တကယ်ကိုတန်တဲ့ Around the Bend" ဆိုတဲ့ မိသားစုဒရမ်မာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ မျိုးဆက်လေးဆက်က အမျိုးသားတွေရဲ့ ပတ်သက်မှု၊ ခွင့်လွှတ်မှုနဲ့ သံယောဇဉ်အကြောင်းကို ခရီးသွားရင်း ပုံဖော်ထားတဲ့ (Road Movie) အမျိုးအစားပါ။ Jason Lair (Josh Lucas)ဟာ သူ့ရဲ့ အဖိုးဖြစ်သူ Henry ( Michael Caine)၊ သူ့ရဲ့ သားငယ်လေးတို့နဲ့အတူ နေထိုင်နေတဲ့ တစ်ခုလပ်ဖခင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူတို့မိသားစုဆီကို နှစ်ပေါင်းများစွာ ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့တဲ့ Jason ရဲ့ဖဖေဖြစ်သူ Turner (Christopher Walken) ပြန်ရောက်လာပါတယ်။ အဖိုးဖြစ်သူ Henry မကွယ်လွန်သွားခင် သူ့ရဲ့ နောက်ဆုံးဆန္ဒအရ ကျန်ရစ်တဲ့ မျိုးဆက် ၃ ဆက် (အဖိုး၊ အဖေနဲ့ မြေး) တို့ဟာ အမေရိကန်အနောက်တောင်ပိုင်းဆီကို ကားမောင်းပြီး ခရီးထွက်ခဲ့ကြပါတယ်။ ဒီခရီးလမ်းမှာ သူတို့မိသားစုရဲ့ ဟောင်းနွမ်းနေတဲ့ ဒဏ်ရာတွေ၊ လျှို့ဝှက်ချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ခွင့်လွှတ်ဖို့ ကြိုးစားပုံတွေကို ရင်နင့်စရာရော၊ ပျော်ရွှင်စရာခံစားမျိုးစုံနဲ့ မိသားစုကြားက အဖုအထစ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သင်ခန်းစာပေးထားတဲ့ ဂန္တဝင်ဇာတ်ကားမျိုးဖြစ်ပါတယ်။ File size… (1.3 GB) / (850 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:23:34 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်