★ 6.3
ဇာတ်ကား / 2022Prizefighter: The Life of Jem Belcher
၁၉ ရာစု အင်္ဂလန်မှာ လက်ဝှေ့အားကစား ခေတ်စားလာချိန်၊ လက်ဝှေ့ပါရမီရှိတဲ့ မျိုးရိုးက ဆင်းသက်လာသူ ဂျမ်ဘယ်ချာဟာ ငယ်ငယ်ကတည်းက အဖိုးလက်ဝှေ့ထိုးတာကို ကြည့်ပြီး အားကျခဲ့ပါတယ်။ အဖိုးဆီက ပညာသင်ချင်ပေမယ့် အဖိုးက အရက်သမားဖြစ်နေလို့ မိခင်က သူ့ကို အနားမကပ်ခိုင်းဘူး။ အရွယ်ရောက်လာတော့ ဂျမ်ဟာ ပန်းပဲဖိုတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ တစ်နေ့ အလုပ်ကအပြန်မှာ ငွေလိုနေတဲ့ ဂျမ်က လမ်းဘေးလက်ဝှေ့ပွဲတစ်ပွဲကို ဝင်ထိုးလိုက်တယ်။ အဲဒီပွဲကို တစ်ချိန်က နာမည်ကြီးလက်ဝှေ့သမား ဘေလ်လည်း ကြည့်နေခဲ့ပြီး ဂျမ်ရဲ့ထိုးဟန်ကို သဘောကျသွားတာကြောင့် နည်းပြပေးဖို့ ဖြစ်လာပါတယ်။ ဂျမ်ကို အင်္ဂလန်ချန်ပီယံဖြစ်လာအောင် ဘေလ်က ဘယ်လိုလေ့ကျင့်ပေးမလဲ၊ ဂျမ်ကိုယ်တိုင်ကရော အကောင်းဆုံးလက်ဝှေ့သမားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာကို သူ့ဘဝဖြစ်ရပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။
ဇာတ်ကားကြည့်ရန်