ကတ်နဲ့ ဂျင်ဟာ ထိုင်ပေမြို့မှာ အတူနေကြတဲ့ ချစ်သူနှစ်ယောက်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း နေထိုင်နေကြတဲ့ သူတို့မြို့မှာ အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်ကွေးပိုးတစ်မျိုး ပျံ့နှံ့နေတယ်။ ဒီပိုးဟာ မျိုးဗီဇပြောင်းနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပေမယ့် ရွေးကောက်ပွဲရှိနေတာကြောင့် အစိုးရက လော့ဒေါင်းချခွင့် မပေးခဲ့ပါဘူး။ တစ်နေ့တော့ ပညာရှင်တွေ စိုးရိမ်ခဲ့သလို ဗိုင်းရပ်က မျိုးဗီဇပြောင်းသွားပြီး ကူးစက်ခံရသူတွေရဲ့ ဦးနှောက်ကို ထိခိုက်လာပါတယ်။ လူတွေကို ဖုတ်ကောင်အဖြစ် ပြောင်းလဲစေတာမျိုးမဟုတ်ဘဲ မကောင်းမှုလုပ်ဖို့ ရှက်ရွံ့ကြောက်လန့်စိတ်နဲ့ ဆင်ခြင်တုံတရားတွေ ကင်းမဲ့သွားစေတာပါ။ ကူးစက်ခံရသူတွေက လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေကို လုပ်လာကြတယ်။ ကတ်နဲ့ ဂျင်တို့ဟာ ဒီလူတွေရဲ့ရန်ကိုရော လျင်မြန်စွာ ကူးစက်နေတဲ့ ဗိုင်းရပ်အန္တရာယ်ကိုပါ ရင်ဆိုင်ပြီး လွတ်မြောက်နိုင်ပါ့မလား။ ထိုင်ဝမ်က ဒီဘေးအန္တရာယ်နောက်ခံ ထိတ်လန့်ဇာတ်ကားမှာ သွေးထွက်သံယိုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခန်းတွေကို ပြင်းပြင်းထန်ထန် ဖော်ပြထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်သလို သွေးထွက်သံယိုမြင်ကွင်းတွေ မကြည့်နိုင်သူတွေအတွက်လည်း အဆင်မပြေနိုင်ပါဘူး။
ဇာတ်ကားကြည့်ရန်