The Last Kiss (2026) +++++++++++ ဒါရိုက်တာ Yoko Okumura ရိုက်ကူးပြီး Blumhouse Productions က ၂၀၂၆ စက်တင်ဘာမှာ Digital ထွက်ရှိထားတဲ့ YA Supernatural Slasher / Mystery Horror ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီးလေး Mckenna Grace က အဓိကခေါင်းဆောင်ပါဝင်ထားပါတယ်။ Laurel ဟာ သူ့ရဲ့ ပထမဆုံးအနမ်းကနေတစ်ဆင့် အနမ်းခံရသူရဲ့ ရှေ့လျှောက် ဘယ်လိုရက်ရက်စက်စက်သေဆုံးမလဲဆိုတာကို ကြိုတင်မြင်တွေ့နိုင်တဲ့ ဆန်းကြယ်တဲ့စွမ်းအားဆိုးကြီးကို ရရှိသွားပါတယ်။ သူသဘောကျနေတဲ့ Evan ကို နမ်းမိလိုက်တဲ့အခါ Evan အပါအဝင် သူ့သူငယ်ချင်းတစ်စုလုံးကို မျက်နှာဖုံးစွပ် လူသတ်သမားတစ်ယောက်က လိုက်လံသတ်ဖြတ်တော့မယ်ဆိုတဲ့ အနာဂတ် ကြောက်စရာနိမိတ်တွေကို မြင်တွေ့လိုက်ရပါတယ်။ မြင်တွေ့လိုက်ရတဲ့ ကြောက်စရာမြင်ကွင်းတွေ တကယ်ဖြစ်မလာခင်နဲ့ သူငယ်ချင်းတွေအသတ်မခံရခင် Laurel တစ်ယောက် လူသတ်သမားရဲ့ အထာကို စုံစမ်းဖော်ထုတ်ပြီး မြင်ကွင်းတွေကိုတားဆီးဖို့ အချိန်နဲ့အပြိုင် အသက်လု ကြိုးစားရတော့တာ ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်မှုမြင်ကွင်းတွေနဲ့ လူငယ်ဇာတ်လမ်းသဘောသဘာဝတွေ ပါဝင်လို့ အသက် ၁၅ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Blumhouse ရဲ့ Teen Slasher ကားတွေ၊ Unseen ဒါမှမဟုတ် Supernatural Mystery Horror ကားဆန်းတွေ ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။ File Size… (1.43GB) / (804MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 37m Genre …Horror , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်