The Best You Can (2025) IMDb Rating (6.2) / Rotten Tomatoes (87%) နာမည်ကြီး King of Queens ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Michael J. Weithorn ရိုက်ကူးထားတဲ့ "The Best You Can (2025)" ဇာတ်ကားဟာဆိုရင် တကယ့်ဇနီးမောင်နှံများဖြစ်ကြတဲ့ Kevin Bacon နဲ့ Kyra Sedgwick တို့ ပါဝင်သရုပ်ဆောင်ထားပြီး Tribeca ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့အချစ်ဟာသ ရရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ခင်ပွန်းသည် သတိမေ့ရောဂါရလာလို့စိတ်ဖိစီးနေတဲ့ နယူးယောက်မြို့ကဆီးလမ်းကြောင်းဆိုင်ရာဆရာဝန်မတစ်ဦးက အိမ်ဖောက်ထွင်းခံရမှုဖြစ်လာခဲ့တယ်။ ဆီးလမ်းကြောင်းပိုး၀င်ပြီး ဆီးသွားရ အခက်အခဲဖြစ်နေတဲ့ လာရောက်စစ်ဆေးပေးတဲ့ ညစောင့်လုံခြုံရေးအရာရှိ Stan Olszewski နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး ဆက်ဆံရေးတစ်ခု စတင်လာခဲ့တော့တယ်။ ဆရာ၀န်မဟာ ခင်ပွန်းသည်ရဲ့ အရင်အိမ်ထောင်နဲ့ပါတဲ့သမီးက သူ့အဖေကိုစောင့်ရှောက်ရေးဂေဟာပို့ချင်နေတာတောင် ခင်ပွန်းသည်ကိုချစ်တဲ့စိတ်နဲ့ မပို့ရက်နေခဲ့သလို အလုပ်တစ်ဖက်နဲ့ မအားလပ်လို့သင့်တော့်မယ့် စောင့်ရှောက်သူကို ရှာပေးထားရတဲ့အတွက် စိတ်ဖိစီးမှုတွေများနေခဲ့တယ်။ အဲဒီလိုနဲ့ တိုင်ပင်ဖွင့်ဟဖို့ တိုင်ပင်ဖော်အဖြစ် အရာရှိနဲ့တိုင်ပင်ရင်း သက်ကြီးပိုင်းအချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တော့တယ်။ သက်ကြီးပိုင်း အချစ်ရေးလည်းဖြစ်သလို ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကနေ ရိုက်ကူးထားတာဖြစ်လို့ သဘာ၀ဆန်တဲ့အချစ်ကားလေးဖြစ်ပါတယ်။ File size… (2.3 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Romance Duration…. 01:43:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်