Cape Cod မှ ရှေ့နေတစ်ယောက်ဖြစ်သူ အဲလိယက်ကမ့်ဘဲဟာ သမီး ဆုံးရှုံးထားရသူဖြစ်ပါတယ် .. သားသမီးနောက်တစ်ယောက် မွေးဖို့ ဖျောင်းဖျကြသော်လည်း လက်မခံဘဲ ခေါင်းမာစွာနဲ့ ပရိဝေဒမီးကိုသာ ပြင်းစွာခံစားနေသူဖြစ်ပြီး အလုပ်အကိုင်ပျက်ရတဲ့အထိ ဖြစ်နေသူ အဲလိယက်ဟာ တစ်နေ့မှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေစဉ် အိမ်မက်ဆန်ဆန် လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းသို့ရောက်ရှိသွားခဲ့ပါတယ်... ထိုကျွန်းမှာ ဆုံခဲ့ရသူ လူထူးဆန်းနဲ့ စကားပြောကြရင်း သေဆုံးသွားနှင့်ပြီဖြစ်သော သမီးနှင့် ပေါင်းစည်းဖို့ ကြိုးစားရာ သူ့ဝိဉာဉ်ကို ရင်းနှီးရမဲ့အဖြစ်ကြုံခဲ့ရပါတယ်... အဲလိယက်တစ်ယောက် တမလွန်က သူ့သမီးနဲ့ ဆုံဆည်းနိုင်မလားဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာပါ.. ဒီကားမှာဆိုရင် ဖခင်တစ်ယောက်ရဲ့ ပူဆွေးမှုကို အရင်းခံပြီး ကြောက်မက်ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းများနှင့် ချိတ်ဆက်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ခင်ဗျာ... File Size… (726 MB) / (362 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 28m Genre ….Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်