Return of the Living Dead III (1993) IMDb Rating (5.9) / Rotten Tomatoes (58%) ဒီဇာတ်ကားမှာတော့ရှေ့နှစ်ပိုင်းလိုမျိုးဟာသဘက်ကိုလုံး၀မသွားတော့ပဲ Dark Romance ဘက်ကိုဦးတည်ထားပါတယ်။ Curt Reynolds ဆိုတဲ့လူငယ်လေးဟာ စစ်တပ်မှာအလုပ်လုပ်တဲ့ သူ့အဖေရဲ့စမ်းသပ်ခန်းထဲခိုးဝင်ရာကနေ Trioxin ဓာတ်ငွေ့ရဲ့အစွမ်းကိုသိသွားပါတယ်။ သူ့ချစ်သူကောင်မလေး ဂျူလီ ဆိုင်ကယ်မတော်တဆမှုနဲ့သေဆုံးခဲ့ချိန်မှာတော့ ဂျူလီမရှိပဲ မနေနိုင်တဲ့သူဟာ ဂျူလီကို အဲ့ဒီဓာတ်ငွေ့နဲ့ပြန်အသက်သွင်းခဲ့မိပါတော့တယ်။ ပြဿနာကတော့ ဇွမ်ဘီအဖြစ်အသက်ပြန်ရှင်လာတဲ့ ဂျူလီဟာအသိစိတ်ကျန်နေသေးပြီး သူ့ကိုချစ်တဲ့ခံစားချက်ရှိနေပေမယ့်ဇွမ်ဘီသဘာ၀အရ လူသားဦးနှောက်ကိုစားချင်တဲ့ ဆာလောင်မှုကိုမလွန်ဆန်နိုင်တော့တာပါပဲ။ တစ်ဖက်က သူ့ဖခင်ရဲ့အထက်တာဝန်ရှိသူတွေကလည်း ဂျူလီကတစ်ဆင့်ပွားလာတဲ့ ဖုတ်ကောင်တွေနဲ့တစ်ကွ ဂျူလီကိုပါ စမ်းသပ်ခန်းထဲပို့ဖို့အသည်းအသန်မြေလှန်ရှာကြဦးမှာဖြစ်ပါတယ်။ ဆာလောင်မှုကိုထိန်းချုပ်ဖို့အတွက်ဂျူလီဟာ သူ့ခန္ဓာကိုယ်ကို ဆူးတွေ သံချွန်တွေနဲ့ထိုးဖောက်ပြီးနာကျင်မှုကတစ်ဆင့် အသိစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီပုံရိပ်ဟာ 90s horror လောကရဲ့ Iconic အဖြစ်ဆုံးပုံရိပ်တစ်ခုအဖြစ်နာမည်ကျော်လာခဲ့ပါတယ်။ ရုံကိုအကန့်အသတ်နဲ့တင်ခဲ့တာကြောင့် ရုံတင်ဝင်ငွေနည်းခဲ့ပေမယ့် နောက်ပိုင်း Vhs/Dvd အဖြစ်ဖြန့်ချိချိန်မှာတော့ အကြီးအကျယ်ပေါက်ခဲ့တဲ့အတွက် အခုချိန်ထိ ဂန္ဓဝင်ဇာတ်ကားတစ်ကားအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2.6 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Romance Duration…. 01:40:20 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်