Stone Cold Fox (2025) +++++++++++ မင်းသမီးချော Kiernan Shipka က ခေါင်းဆောင်မင်းသမီး Fox အဖြစ် ပါဝင်ထားပြီး နာမည်ကျော် The Boys Seriesထဲက မင်းသမီး Karen Fukuhar အပြင် Krysten Ritter, Kiefer Sutherland တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ မင်းသမီးချောများစွာ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ နောက်ခံကားချပ်နဲ့အတူ သွေးဆူစေမယ့် လက်စားချေ အက်ရှင်သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ အနိုင်ကျင့်နှိပ်စက်မှုတွေ ပြည့်နှက်နေတဲ့ ဂိုဏ်းတစ်ခုထဲကနေ ရုန်းထွက်လွတ်မြောက်လာခဲ့တဲ့ Fox ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ဒါပေမဲ့ သူ လွတ်မြောက်သွားတာကို မကျေနပ်တဲ့ ဂိုဏ်းခေါင်းဆောင် Goldie က Fox ရဲ့ ညီမလေးကို ပြန်ပေးဆွဲပြီး ဖမ်းဆီးလိုက်တဲ့အပြင် အကျင့်ပျက်ရဲအရာရှိတစ်ယောက်ကိုပါ စေလွှတ်ပြီး Fox ကို လိုက်လံဖမ်းဆီးခိုင်းပါတော့တယ်။ မိမိကိုယ်တိုင် လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ရတဲ့ ငရဲတွင်းထဲကို ညီမဖြစ်သူအတွက် သွေးအေးအေးနဲ့ ပြန်လည်ခြေချပြီး တစ်ကိုယ်တော် လက်စားချေ တိုက်ခိုက်ရမယ့် သွေးအေးမြေခွေးမလေး Fox ရဲ့ သွေးရူးသွေးတန်း အက်ရှင်ခန်းတွေကို ရင်သပ်ရှုမော တွေ့မြင်ရမှာပါ။ စက္ကန့်မလပ် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလို့ အက်ရှင် ရုပ်ရှင်ချစ်သူတွေ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (1.69GB) / (903MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 26m Genre ….Action , Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်