ကြောင်အမတ်ကြီး အစ်ကချူဟာ ရှိုးဂန်းကြောင်ကြီးကို မျက်နှာလုပ်ဖို့ နန်းတော်ကြီးတစ်ခု ဆောက်နေပါတယ်။ ဒါပေမယ့် နန်းတော်ကနေ မြင်ရမယ့် ရှုခင်းကို ရှေးဟောင်းကြောင်မြို့လေး ကာကာမူချိုက ပိတ်နေတယ်။ ဒါကြောင့် မြို့ကို ရှင်းပစ်ဖို့ ကြောင်နင်ဂျာတွေကို တိတ်တဆိတ် လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။ မြို့သားတွေက သူတို့ကို ကာကွယ်ပေးမယ့် ဆာမူရိုင်းတစ်ယောက် ပို့ပေးဖို့ ရှိုးဂန်းဆီမှာ တောင်းဆိုကြတယ်။ ရှိုးဂန်းက အဲဒီတာဝန်ကို အစ်ကချူဆီပဲ ပြန်အပ်လိုက်တဲ့အခါ သူ့အတွက် အခက်တွေ့သွားပါတယ်။ ဒါပေမယ့် အစ်ကချူက အကြံတစ်ခု ထုတ်လိုက်တယ်။ ဆာမူရိုင်းဖြစ်ချင်လွန်းလို့ ကြောင်တိုင်းပြည်ထဲ ခိုးဝင်လာရာက အဖမ်းခံထားရတဲ့ ခွေး ဟန့်ခ်ကို လွှတ်ပေးပြီး ဆာမူရိုင်းဘွဲ့ပေးကာ ကာကာမူချိုကို စောင့်ရှောက်ဖို့ လွှတ်လိုက်ပါတယ်။ သူ့အကြံက ခွေးမုန်းတဲ့ မြို့သားကြောင်တွေ ဟန့်ခ်ကို သတ်လိုက်ရင် အဲဒါကို အကြောင်းပြပြီး မြို့ကို အရေးယူဖို့ပါ။ ဒါပေမယ့် ကြောင်တွေနဲ့ ခွေးဆာမူရိုင်းက အတွဲညီသွားပြီး သူ့နင်ဂျာတွေကို ပြန်တိုက်ခိုက်လာကြတဲ့အခါ အစ်ကချူရဲ့ အကြံအတိုင်း ဖြစ်မလာတော့ဘူး။ ဒီအက်ရှင်ဟာသကာတွန်းမှာ ဆမ်မြူရယ် ဂျက်ဆန်က ဆာမူရိုင်းတစ်ယောက်အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်