★ 6.0
ဇာတ်ကား / 2012Rufus
ရူဖက်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အဘွားကြီးတစ်ယောက်နဲ့အတူ နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ အဘွားကြီးက ဒီထက်ဝေးဝေး မသွားနိုင်တော့ဘူးလို့ ပြောပြီး ကားရှေ့ထွက်ကာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားတယ်။ ထူးဆန်းတာက အဘွားကြီးရဲ့အသက်ဟာ ၁၀၇ နှစ်ရှိနေပြီဖြစ်ပြီး ကောင်လေးရူဖက်စ်က သူ့ထက်တောင် အသက်ပိုကြီးနေတာပါ။ ရူဖက်စ်မှာ သွေးစုပ်ဖုတ်ကောင်လို အသွေးအသားကြိုက်တဲ့ အမူအကျင့်နဲ့ မအိုမင်းတဲ့ခန္ဓာကိုယ် ရှိပေမယ့် နေရောင်ထဲကိုတော့ သွားလာနိုင်တယ်။ သူဟာ ဘယ်လိုသတ္တဝါမျိုးလဲဆိုတာ မေးခွန်းဖြစ်နေပါတယ်။ အသိမရှိ၊ အဖော်မရှိတော့တဲ့ သူ့ကို မြို့ကရဲမှူးက ခေါ်ယူစောင့်ရှောက်ထားလိုက်တယ်။ ဒီကောင်လေး ရောက်လာပြီးနောက် မြို့ငယ်လေးမှာ ဘာတွေဖြစ်လာမလဲဆိုတာကနေ ဇာတ်လမ်းဆက်ထားပါတယ်။ ထိတ်လန့်စရာတွေထက် လူငယ်အချစ်နဲ့ မိသားစုမေတ္တာကို ပိုအလေးပေးထားတဲ့ ဒရာမာ၊ ထိတ်လန့်ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်