Tokyo Cowboy (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာလေးကတော့ ဂျပန်ကနေ အမေရိကန်ကို စီးပွားရေးအကျိုးအမြတ်ရဖို့ သွားရောက်ရင်း ကောင်းဘွိုင်ဖြစ်သွားတဲ့ မန်နေဂျာဆာခါအိအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ Drama Comedy ကားလေးပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေကိုဖတ်ရင်း လုပ်ငန်းအရှုံးအမြတ်ကို တွက်ချက်အကဲဖြတ်သူနဲ့ ကိန်းဂဏန်းတွေရလာဖို့ မြေပြင်မှာ ရုန်းကန်နေသူတို့ရဲ့ အလုပ်နဲ့ဘဝအပေါ် တွေးခေါ်ပုံကွာခြားတာကို ဒီဇာတ်ကားမှာ မြင်သာအောင် ချပြပေးထားတဲ့အပြင် လှပတဲ့ အမေရိကန်ကျေးလက်ရှုခင်းအလှ၊ ကောင်းဘွိုင်တွေရဲ့ ဘဝနေထိုင်မှုပုံစံတွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတဲ့အတွက် စိတ်အပန်းဖြေအောင် ခံစားကြည့်ရှုနိုင်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း မန်နေဂျာ ဆာခါအိဟာ သူတို့ ကုမ္ပဏီအကျိုးအမြတ်ရဖို့အတွက် လုပ်ငန်းတွေကို လိုက်လံ အကဲဖြတ်ရင်း ပိုကောင်းတဲ့လုပ်ငန်းအစီအစဉ်သစ်တွေကို ရေးဆွဲကာ မိတ်ဆက်ပေးနေတဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ကုမ္ပဏီက အမေရိကားမှာရှိတဲ့ မွေးမြူရေးခြံကို လက်လွှဲယူလိုက်ပြီး ထိုခြံကနေ အကျိုးအမြတ်များစွာရလာဖို့ မန်နေဂျာဆာခါအိကို ကျွမ်းကျင်ပညာရှင် ဝါဒါနဲ့အတူ စေလွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဂျပန်ကနေ အမေရိကန်နိုင်ငံ မွန်တာနာက မွေးမြူရေးခြံကို ဂျပန်မျိုးစိတ်နွားမွေးမြူဖို့ သွားရောက်စည်းရုံးစဉ် အတူလိုက်လာသူ ဝါဒါက မတော်တဆဖြစ်သွားတဲ့အတွက် ဆာခါအိ တစ်ယောက်တည်း ခြံလုပ်ငန်းရဲ့ခေါင်းဆောင်နဲ့ငယ်သားများကို စည်းရုံးဖို့ ဖြစ်လာပါတော့တယ်။ အဆင်မြင့်ကုမ္ပဏီက ကိန်းဂဏန်းတွေအပေါ်မှာပဲ အကဲဖြတ်ကာ အကျိုးအမြတ်တွက်ချက်သူ မန်နေဂျာတစ်ယောက် မွေးမြူခြံကို ကိုယ်တိုင်ရောက်သွားတဲ့အခါမှာတော့ ခြံမှာရှိတဲ့သူတွေကို စည်းရုံးဖို့ မလွယ်ကူမှန်း သိလာခဲ့ပါတယ်။ ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် လုပ်တတ်သူပီပီ ဆာခါအိတစ်ယောက် မွေးမြူခြံခေါင်းဆောင်နဲ့ လုပ်သားတွေကို ဘယ်လိုဆွဲဆောင်စည်းရုံးသွားမလဲ... မွေးမြူရေးနဲ့ပတ်သက်ရင် ဘာတစ်ခုမှမသိတဲ့ ဆာခါအိကိုရော ခြံခေါင်းဆောင်နဲ့လုပ်သားတွေက ဘယ်လိုတွေ ပညာပေးကြမလဲ... ဆာခါအိရဲ့ ကိုယ်ပိုင်ခံယူချက်စံနှုန်း သဘောထားတွေအပေါ် အမေရိကန် ကျေးလက်ကောင်းဘွိုင်တွေက ဘယ်လိုလွှမ်းမိုးသွားကြမလဲဆိုတာ... ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါနော် .. File size…1.70GB / 825MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 58m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်