Tiny Fugitives [2026] ++++++++ ဘဝဆိုတာ လူကြီးတွေအတွက်တော့ တာဝန်တွေ၊ ပြဿနာတွေနဲ့ရှုပ်ထွေးနေပေမယ့် ကလေးတွေအတွက်တော့ ကမ္ဘာကြီးဆိုတာ ကစားစရာကွင်းပြင်တစ်ခုပါပဲ။ ဒါပေမဲ့ ဂျေကော့ဘ်ဆိုတဲ့ ၁၂ နှစ်အရွယ်ကလေးအတွက်တော့ နွေရာသီစခန်းဆိုတာ သူ့ဘဝမှာ ပျော်ရွှင်မှု၊ ရင်ခုန်မှုနဲ့ရသစုံလင်မှုကိုပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသောအမိုးအကာလေးဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘဝရဲ့ကြမ်းတမ်းတဲ့အမှန်တရားက သူ့ဆီအလွယ်တကူရောက်လာခဲ့ပါတော့တယ်။ မိဘတွေ ကွာရှင်းပြတ်စဲသွားကြတဲ့အကျိုးဆက်ကြောင့် ဒီနွေရာသီစခန်းအတွက် စရိတ်မတတ်နိုင်တော့ဘဲ သူအရမ်းချစ်မြတ်နိုးရတဲ့အိပ်မက်ကမ္ဘာလေးဟာ ပြိုလဲလုနီးပါးဖြစ်သွားခဲ့ရပါတယ်။ ဒီလိုနာကျင်စရာကို လက်မခံနိုင်တဲ့ဂျေကော့ဘ်ဟာ လွတ်လပ်မှုကို တမ်းတနေကြတဲ့တခြားကလေးငယ်တွေနဲ့ စုစည်းမိသွားပါတယ်။ သူတို့ရဲ့မပီပြင်သေးတဲ့ရင်ခုန်သံတွေ၊ မိုက်မိုက်ကန်းကန်းတွေးခေါ်မှုတွေနဲ့ ဒီနွေရာသီစခန်းမှာပဲ တစ်သက်လုံး ဆက်လက်ပုန်းအောင်းနေထိုင်ပြီး ကလေးဘဝကို လက်လွှတ်မခံဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့အလှပဆုံးအိပ်မက်လမ်းကြောင်းမှာ ကြီးမားတဲ့တံတိုင်းကြီးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ အလုပ်အပေါ်တာဝန်ကျေလွန်းပြီး ဘယ်လိုသက်ညှာမှုမှမရှိတဲ့ အသက် ၅၀ အရွယ်စခန်းစောင့်နည်းပြကြီးဘော့ဘ်ပဲ ဖြစ်ပါတယ်။ လွတ်လပ်မှုကို အသည်းအသန်လိုချင်တဲ့ကလေးတစ်စုနဲ့ စည်းကမ်းဘောင်ထဲက နည်းပြကြီးတို့ကြားမှာ ဖြစ်ပေါ်လာတဲ့ရယ်မောစရာ၊ ရင်ထိတ်စရာနဲ့ မျက်ရည်ဝဲစရာအလွဲလေးတွေရောပြွန်းနေတဲ့စွန့်စားခန်းကို ရသမြောက်စွာ ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမန်ကလေးကားတွေလို ပုံစံခွက်ဆန်နေတာမျိုးမဟုတ်ဘဲ R-Rated ဟာသပုံစံနဲ့ အတိတ်က ကလေးဘဝရဲ့လွတ်လပ်မှုကို ပြန်တမ်းတစရာကောင်းအောင် တင်ဆက်ထားတာပါ။ သရုပ်ဆောင်ပိုင်းမှာ စခန်းစောင့်နည်းပြကြီး Bob အဖြစ် နာမည်ကျော်ဟာသသရုပ်ဆောင် Johnny Knoxville က အပီအပြင်သရုပ်ဆောင်ထားပြီး၊ ခေါင်းဆောင်ဇာတ်လိုက် Jacob အဖြစ် Benjamin Pajak က ပါဝင်အားဖြည့်ထားပါတယ်။ သူတို့နဲ့အတူ Aaron Harris ၊ Isa Bernal Steiner ၊ Jay Baruchel နဲ့ Blake Anderson တို့ကလည်း ကလေးဘဝရဲ့စိတ်ကူးယဉ်ဆန်ဆန်ရူးသွပ်မှုတွေကို ပီပီပြင်ပြင်အသက်သွင်းပေးထားကြပါတယ်။ File Size… (1.94GB) / (0.99GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 39m Genre …Comedy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်