4K
★ 7.5
ဇာတ်ကား / 1997The Fifth Element
စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ကော်ဘန်ဒဲလပ်စ်ဟာ အငှားယာဉ်မောင်းအဖြစ် အသက်မွေးနေပါတယ်။ တစ်နေ့မှာတော့ ကမ္ဘာကြီးကို မိစ္ဆာတွေလက်က ကယ်တင်ဖို့ ဓာတ်ကြီးငါးပါးကို သွားယူရမယ့် တာဝန်တစ်ခု သူ့ဆီရောက်လာတယ်။ အဲဒီဓာတ်ကြီးငါးပါးထဲက တစ်ပါးဖြစ်တဲ့ လီလူကိုလည်း ချစ်မိသွားပြီး သူ့ကို ကယ်တင်ဖို့ပါ ကြိုးစားရပါတယ်။ ဓာတ်ကြီးငါးပါးကို လိုက်လံရှာဖွေရတဲ့ ခရီးမှာ အခက်အခဲတွေ ရှိနေသလို အပြိုင်လိုက်စုနေတဲ့ အဖွဲ့တွေနဲ့လည်း တိုက်ခိုက်ကြရတယ်။ ဒီခရီးစဉ်နဲ့အတူ ကော်ဘန်က လီလူအပေါ်ထားတဲ့ ခံစားချက်တွေကိုပါ ဖော်ပြထားပါတယ်။ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ဇာတ်ကားမှာ Bruce Willis နဲ့ Milla Jovovich တို့က အဓိကသရုပ်ဆောင်ထားပြီး Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့လည်း ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်