★ 7.6
ဇာတ်ကား / 2009Moon
ကမ္ဘာကြီး ဖွံ့ဖြိုးလာတာနဲ့အမျှ လပေါ်ကနေ နေရဲ့သဘာဝစွမ်းအင်ကို တူးဖော်ပြီး ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းအတွက် အာကာသယာဉ်မှူးတွေကို သုံးနှစ်စာချုပ်နဲ့ လပေါ် စေလွှတ်လေ့ရှိပြီး ဆမ်ဘဲလ်ကလည်း အဲဒီထဲက တစ်ယောက်ပါ။ ဆက်သွယ်ရေးဂြိုဟ်တု ပျက်နေတဲ့အတွက် ဆမ်ဟာ ဇနီးနဲ့ သမီးလေးကိုတောင် တိုက်ရိုက်ဆက်သွယ်လို့မရဘဲ သုံးနှစ်နီးပါး တစ်ယောက်တည်း အထီးကျန်နေခဲ့ရတယ်။ စာချုပ်ပြည့်ခါနီးမှာတော့ စက်ချို့ယွင်းမှုတစ်ခုနဲ့အတူ သူနဲ့ တစ်ပုံစံတည်းတူတဲ့ လူတစ်ယောက်ကို ရှာတွေ့လာပါတယ်။ တစ်ကိုယ်တည်း နေရတာကြာလို့ စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်နေတာလား၊ ဒါမှမဟုတ် တခြားအကြောင်းတစ်ခု ရှိနေတာလားဆိုတဲ့ မေးခွန်းကို ဆမ် ရင်ဆိုင်ရပါတော့တယ်။
ဇာတ်ကားကြည့်ရန်