★ 6.2
ဇာတ်ကား / 2009Lake Mungo
ဆယ်ကျော်သက်မလေး အဲလစ်ပါးမား ရုတ်တရက် ရေနစ်သေဆုံးသွားတဲ့သတင်းဟာ သူတို့ရပ်ကွက်တစ်ခွင် ပျံ့နှံ့သွားပါတယ်။ ကျန်ရစ်ခဲ့တဲ့ ပါးမားမိသားစုဝင်တွေလည်း သူမကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေကြတယ်။ အဲဒီနောက် အဲလစ်ဟာ မကျွတ်မလွတ်သေးဘဲ သူ့အစ်ကိုရိုက်ထားတဲ့ ပုံတွေထဲမှာ ပြန်ပါလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါတယ်။ သူ့ကိုယ်သူ စိတ်တန်ခိုးရှင်လို့ ဆိုတဲ့ ရေးဆိုသူပါ ဒီကိစ္စထဲ ပါဝင်လာတဲ့အခါ အဲလစ်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ မိသားစုဝင်တွေနဲ့ အသိမိတ်ဆွေတွေကို အင်တာဗျူးလုပ်ထားသလို ပုံစံနဲ့ ဇာတ်လမ်းကို ပြောပြထားတဲ့ ထိတ်လန့်လျှို့ဝှက်ဆန်းကြယ်ကားပါ။
ဇာတ်ကားကြည့်ရန်